" ဟေ့ရောင် ... မင်းမှာ ရှိတာ ဒါအကုန်ပဲလား....! "" fuck ....! ဝတ် ထား စားထားတာက သန့်ပြန့်နေပြီး
Wallet ထဲ ဒါပဲ လား ...."" ဟိတ်ဟန်ကြီးပဲ ... ဒီကောင် ! "
ကျောင်းသားအုပ်စု ၅ ယောက်လောက် ဝိုင်းအုံကာ
လုယက်ခံနေရတဲ့ ကောင်လေးတစ်ယောက် ။ဝိုင်းဖွဲ့ အနိုင်ကျင့်ရအောင် အထက်တန်းကျောင်းသား
တွေလဲ မဟုတ်တော့ ။ ဆိုလ်းရဲ့ နာမည်ကြီး Uni
တစ်ခုက အကြီးတန်း စီနီယာတွေက ဖြဲခြောက်နေခြင်း
ပင် ။" စီ နီယာတို့ အတွက် ဘာမှမပါလာတာ
စိတ်မကောင်းပါဘူး.... ဒါပေမဲ့ ကျနော့်မှာ ဒါပဲရှိတယ်"" ဒါဆိုလည်း အခု ပွဲကနေ မင်း လစ်လိုက်တော့ !!!
ထပ်ပြီး ဟျွန်ယောင်းရဲ့ အနားမှာ မင်းကိုတွေ့ရင်
ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့ "ဪ...... လတ်စသတ်တော့ အနိုင်ကျင့်ရတဲ့
ရည်ရွယ်ချက် က ကျောင်းသားမိတ်စုံစားပွဲက
လာနှုတ်ဆက်တဲ့ ကောင်မလေးကြောင့်ကို ။ဟက် ကနဲ့တစ်ချက်ရယ်မိလိုက်ရုံနဲ့ ပါးစောင်းကို
ပူ ကနဲ တက်သွားသည့် လက်သီးတစ်ချက် ။အားနဲ့ ထိုးချလိုက်သည့် လက်သီးက ပြင်းပေမဲ့
အထိုးခံရသူက မျက်နှာသာ တစ်ဖက်ကိုစောင်းသွား
သည်။ နာကျင်သွားတယ်လို့ကို မခံစားလိုက်ရ။" ဘာလဲဟ ...! "
ပုံမှန်အားပြင်းပြင်း လက်သီးတစ်ချက်ဆိုလျင်
အငိုက်မသွားတဲ့အချိန် ထိုးလိုက်တာမို့ ပစ်တောင်လဲနိုင်သည်။ အခုတော့ မျက်နှာတစ်ခြမ်း
စောင်းရုံသာ။" ရိုက်စမ်း... အဲ့ကောင်ကို ! "
အမိန့်သံတစ်ခုအပြီး ကျောင်းသား ၅ယောက်ရဲ့
ဝိုင်းရိုက်ခြင်းကို ခံရတော့သည်။ ခုခံလို့ ရနိုင်ပါရဲ့နဲ့
စိတ်လိုက်မာန်ပါ မဖြစ်အောင် ထိန်းချုပ်ထားရင်း
ခြေထောက်ဆယ်ချောင်းရဲ့ ကန်ချက်တွေကို
အံကြိတ်ခံလိုက်သည် ။