" သခင်လေး .... Park Chanyeol ဆိုတဲ့
ကျောင်းသား တွေ့ခွင့်တောင်းနေပါတယ် "ဆေးရုံရောက်ပြီး နောက်နေ့ရောက်တာနဲ့ ချက်ချင်း
လာတွေ့တဲ့ Chanyeol ကြောင့် ကိုယ့်ကို စိတ်ဝင်
စားမှု အဲ့လောက်ထိရှိသလား တွေးယူရသည်။" ဝင် လာခဲ့ ခိုင်းလိုက် "
ကုတင်ပေါ် ကျောမှီထိုင်ရင်း ဝင်လာမဲ့တံခါးကို
ကြည့်နေတော့ ပန်းစည်းတစ်ခုနဲ့ အရုပ်တစ်ရုပ်နဲ့
ရောက်ချလာတဲ့ Chanyeol ကိုတွေ့လိုက်ရသည်။ကုတ်အရှည်တွေနဲ့ လိုက်ဖက်လွန်းတဲ့ Chanyeol
က ခြေတံရှည်တွေနဲ့ မြင့်မားလွန်းတဲ့အရပ်က ပနံတင့်
လွန်းတာကြောင့်တစ်ခါခါလည်း မနာလိုရသည်။" Baekhyun ..... သက်သာရဲ့လား...! "
" အင်း ... ထိုင်ဦး....! "
" အရင်ရော့ "
ပန်းစည်းနဲ့ အရုပ်ကို ထိုးပေးလာတဲ့ Chanyeol
ကြောင့် Baekhyun မျက်မှောင်ကြုတ် မိပြန်သည်။" ပန်းစည်းက ဘာလို့ပေးတာ...! "
" မသိဘူးလေ ။ လူမမာရှိတဲ့ ဆေးရုံလာရင် ဒရာမာတွေထဲ
ပန်းစည်းပေးနေကြဆိုတော့ ။ ဒီတိုင်းဝယ်လာလိုက်တာ"ခေါင်းကုတ်ကာ ပြန်ဖြေတဲ့ Chanyeol ကြောင့်
ပန်းစည်းနဲ့ အရုပ်ကို ဆောင့်ပြီးယူလိုက်ကာ" လူမမာဆီလာရင် အသီးခြင်းယူလာရတာကွ !
ပန်းစည်းက ဆေးရုံဆင်းတဲ့ လူမမာအတွက်ဂုဏ်ပြုတဲ့
အနေနဲ့ ပေးရတာ ... အခုဟာက မင်းက ငါ့ကို
ဆေးရုံတက်ရတာ ဝမ်းသာတဲ့အနေနဲ့ ဂုဏ်ပြုပန်းစည်း
ပေးနေသလိုပဲ...."တတွတ်တွတ် နဲ့ ပြောနိုင်လွန်းတဲ့ Baekhyun က
ခေါင်းမှာ ပတ်တီးနဲ့ ဖြစ်သလို ခြေထောက်တွေလည်း
ပတ်တီးတွေနဲ့ ။ ခပ်ချေချေ နဲ့ စကားတစ်လုံးတောင်
ြုကားရဖို့ နှစ်ချီကြာ စောင့်ခဲ့ရတဲ့ Crush ၏ ပေါက်
ပေါက်ဖောက်မှုကို ကံကောင်းစွာဖြင့် နာကြားနေရသည်။