အပန်းဖြေအိမ်ယာဝန်းကျင် ဖြစ်တဲ့ ဒေသမို့
အသံသေးသေးလေးကအစ ကျယ်လောင်စွာ
ကြားနေရတက်သည် ။ သို့သော် ထိုနေရာသည်
လူသူရှင်းတဲ့ အိမ်ယာဘက်မှာမို့ ပုံမှန်မဟုတ်တဲ့
သက်ရောက်အားကြောင့် လွင့်စင်သွားတဲ့
ကားအခြေအနေဟာလည်း ကာယကံရှင်နှစ်ယောက်
နဲ့ လုပ်ကြံသူနှစ်ယောက်သာသိလိုက်သည်။အချိန်က ညနက်အချိန်ကိုရောက်လာတော့
တစ်စောင်းလဲကျနေတဲ့ ကားကြီးရှိရာသို့
တစ်ရွေ့ရွေ့ လျောက်လမ်းလာတဲ့ လူတစ်ယောက်။မြင့်မားတဲ့ အရပ်အမောင်းနဲ့ ထိုလူက ကြီးမား
ကျယ်ပြန့်တဲ့ ရင်အုပ်ကျယ်တို့နဲ့ တည်ငြိမ်
အေးစက်လွန်းတဲ့ မျက်ဝန်းတွေက မျက်တောင်
တစ်ချက်မျှမခတ် ။ကျိုးပဲ့နေတဲ့ ကားတံခါးကိုကြည့်ပြီး ခပ်ဟဟ
တစ်ချက်ရယ်မိသည် ။ တစ်စောင်းလဲနေတဲ့
ကားကို ခြေထောက်တစ်ဖက်နဲ့ အသာကန်
လိုက်တော့ အတည့်ပြန်ကျသွားသည် ... ။သူ့ဘေးကို အရိပ်တစ်ခုဖျက်ကနဲ ရောက်လာပြီး
ကားအခြေအနေနဲ့ သူ့ကိုနားမလည်သလို
ကြည့်ရင်း မေးခွန်းထုတ်နေသည် ။သူကြည့်လိုက်ရုံနှင့် ဒီကားရဲ့ပျက်စီးမှုသည်
ထိုလူမျိုး၏ အစွမ်းကြောင့်ဆိုတာ သိနေပြီ။" ဇိုရာ ...... ! "
" ဇိုရာ !? အဲ့တာ ဘာကိုပြောတာပါလဲ ... "
" လူလိုပဲ ! လူလို နေထိုင်နိုင်တယ်...
နတ်သားလိုလဲ စွမ်းဆောင်နိုင်တယ်
နတ်ဆိုးတွေလိုလည်း ဖျက်ဆီးနိုင်စွမ်းရှိကြတယ်.. "" အဲ့လို လူသားတွေပါ ရှိကြသေးတာလား...
သူတို့က ကျွန်တော့်တို့ထက်ရော အင်အားရှိကြလား "" ငါတို့က နတ်ဆိုးတစ်ယောက်အဖြစ် အမှောင်ထဲမှာပဲ
နေနိုင်မယ်ဆို ... ဇိုရာတွေက အလင်းရော အမှောင်ရော
လိုသလို အသုံးချနိုင်သူတွေ.... "