{8}....
"နေကောင်းလား ဟန်နီ"
လွန်ခဲ့သည့်လေးနှစ်က
သူ ပြန်လိုက်မခေါ်ခဲ့သော (သူ့ဆီပြန်မလာခဲ့
သော) အချစ်ဟောင်း နှင့် ဘာမင်ဟန်
မှာ ပြန်လည်တွေ့ဆုံခြင်းက အရင်က
ဆက်ဆံရေးကို တစ်စိတ်တစ်ဒေသတော့
ပြန်ရလိမ့်မည်ဟု သူထင်ခဲ့မိသည်။ဟင့်အင်း။ လုံးဝယုံကြည်မိခဲ့တာ..
သူပြန်ချော့ရင် အရင်လို ရှေ့ဆက်
နိုင်လိမ့်မည်ဟု။...ဘာမင်ဟန် ရပ်ကွက်တစ်ခု၏
လမ်းဆုံလမ်းခွရှိ တိုက်အောက်ခန်းတွင်
ပန်းဆိုင်ဖွင့်ထားသည့် ဂျောင်ဆူး။အဖွဲ့လိုက် အားလပ်ရပ်ရသည်မို့
ဘာမင်ဟန်သို့ ၁ လ ခရီးထွက်လာ
ကြ၍...ယခုလို မမျှော်လင့်ဘဲ တွေ့ဆုံမိခြင်း။
အကယ်၍ ဒီနေ့ ဒီအချိန် ဒီနေရာမှာ
ဂျောင်ဆူး နဲ့ မတွေ့ဆုံ ဖြစ်ခဲ့လျှင်
တစ်သက်လုံးတွေ့ ဖြစ်မည်မထင်ပါ။..ပန်းဆိုင်၏ ကောင်တာ တစ်ဖက်ခြမ်းမှ
ဂျောင်ဆူးသည် သူ့ကို အံ့သြစိုးရွံ့မှုဖြင့်
စိုက်ကြည့်နေသည်။"ဟန်နီ.."
ထိုနာမ်စားကို မငြင်းပယ်ပုံထောက်ရင်
သူ့အတွက်အခွင့်အရေးရှိသေး
သည်ထင်သည်။..အချိန်အခါကျလာမှတော့ သူ့ရဲ့
တလွဲမာနတွေ ခဝါချပြီး
သူ့ ကလေးကို ပြန်ဆွဲထားတော့မယ်။ဤသည်ကား ဆန္ဒသာ...
" မတွေ့ရတာကြာပြီ ဟန်နီ"
" ကျွန်တော့် နာမည် ဂျောင်ဆူးပါ။"
မကြိုက်ဘူးဟု တိုက်ရိုက်မငြင်းဘဲ
သွယ်ဝိုက် ပြောလာသည့် ဂျောင်ဆူး
မျက်လုံးများသည်မကြိုက်တာထက် တစ်ခုခုကို စိုးရိမ်ဟန်နှင့်။
" ဆိုင်ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ"
ဆိုင်ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း
သူမေးလိုက်သည်။...အညိုရင့်ရောင် အခန်းအပြင်အဆင်တွင်
ပန်းအမျိုးပေါင်းများစွာကို လှလှပပစီထား
ခြင်းက ဆိုင်၏ ပြယုဂ်တစ်ခုဖြစ်နေသည်။
YOU ARE READING
Slumber on the Horizon
Romanceမိုးကုပ်စက်ဝိုင်းပေါ်မှာ..အိပ်မောကျသွားတဲ့ လူနှစ်ယောက်ရဲ့ အကြောင်း~ မိုးကုပ်စက်ဝိုင်းပေါ်မှာ..အိပ်မောကျသွားတဲ့ လူနှစ်ယောက်ရဲ့ အကြောင်း~ The plot in this story is inspired by "LaLa Land" movie~ Chansoo~Fanfiction Soundtrack- Imagination(Sh...