~Slumber on the Horizon~

2.4K 247 33
                                    

{5}....

[Happiness means nothing if we have
nobody to share with it ]

အင်း။ ဒီစကား​လေးက သိပ်​မှန်​​တာ​ပေါ့။..

အရင်​တုန်းက သူ့မှာ ဟန်​နီမရှိ​တော့
ပျော်​​နေ​ပေမယ့်​ အနှစ်​သာရ မရှိသလိုပဲ။..

အခု သူ့အရာအားလုံး...
မျှ​ဝေခံစား​ပေမယ့်​ ဟန်​နီရှိ​နေပြီ။...

ကျန်​တာဘာမှထပ်​မလို​တော့ဘူး။...

" ရုပ်​ကြီးက ဘာဖြစ်​​နေတာလဲ ဟန်​နီ ရာ.."

Elsa တို့အိမ်​​ရှေ့မှာ သူ ကားရပ်​ပြီး
ဆင်းရန်​ ပြင်​​ပေမယ့်​ ...

ဂျောင်​ဆူးက မှုန်​ကုပ်​ကုပ်​နှင့်​...
ပေကပ်ပြီး ကား​ပေါ်မှာ...ထိုင်​​နေဆဲ...

" ကိုယ်​​ပြောတယ်​​လေ။ ခဏပဲ​နေမှာပါဆို။
ပြီးတာနဲ့ ကိုယ်​တို့ ချက်​ချင်းပြန်​မယ်​​လေ။
လာ...ဆင်းခဲ့..."

"..."

" ဆင်းခဲ့ဆို...ဟန်​နီ.."

"မဆင်းဘူး။ ခင်​ဗျား ဘာသာ ခင်​ဗျားသွား။
ကျွန်​​တော်​ ဒီက​စောင့်​​နေမယ်​။"

သူ့ကို ဂရုမစိုက်​ဘဲ...​ဂျောင်​ဆူးက
ဖုန်းထုတ်​ကာ...ဂိမ်းနှိပ်​​နေသည်​။...

ရစ်​စရာ မရှိကြံဖန်​ရစ်​တတ်​သည့်​...
ဟန်​နီကို...သူ ဘယ်​​သောအခါမှ မနိုင်​ပါ။...

"ဆင်းမှာလား မဆင်းဘူးလား။ ဟန်​နီ။
ကိုယ့်​ကို မရစ်​နဲ့ကွာ ။ ကျစ်​!!!"

သူကလဲ သိပ်​စိတ်​ရှည်​တတ်​သူမဟုတ်​။..

တစ်​ခွန်းက နှစ်​ခွန်းဆို အချဉ်​​ပေါက်​လာပြီ။

ခြစ်​....

ဘောင်းဘီ အိတ်​ကပ်​ထဲက အသင့်​ပါလာ
သော စီးကရက်​ကို မီးညှိကာ..

ကားကို မှီလျက်​...အသာရှိုက်​လိုက်​သည်​။..

ဟန်​နီက​တော့ သူ့ကို တချက်​သာကြည့်​ပြီး
ဂိမ်းဆက်​နှိပ်​သည်​။..

" Hey!! Dennis!Why don't you come in?"

အိမ်​အ​ပေါက်​ဝမှ Elsa သည်​ သူ့ရှိရာ
ကားနားသို့​ရောက်​လာ​သည်​။...

"Hi! Elsa.."

" ဘာလို့ဝင်​မလာတာလဲ။ အထဲမှာ..
ဂျုံဒယ်​​တောင်​ ​ရောက်​​နေပြီ.."

Slumber on the HorizonWhere stories live. Discover now