Tiger Vs Kitty
Chapter 001
" Huh .. ငါ သေသွားတာကိုလည်း ငါ လက်ခံပါတယ် ၊ မဖြစ်နိုင်စရာကောင်းတဲ့ ဇာတ်ကားတွေထဲကလို ငါ နောက်ဘဝရောက်သွားတာကိုလည်း ငါ လက်ခံပါတယ် ၊ ငါ့ဝိညာဉ်က ငါ သေသွားခဲ့တဲ့ အရင်ကမ္ဘာကနေ လက်ရှိကမ္ဘာကို ရောက်နေမှန်းလည်း ငါ လက်ခံပါတယ် ၊ ဒါပေမယ့် .. Fuck .. ဘာလို့ ဒီကိုမှ ရောက်လာတာလဲ ၊ ဘာလို့လဲ ! "
ဖြစ်နိုင်မယ်ဆို စကားပြောရုံတင် မဟုတ်ဘဲ သူမ ဇာတ်ကားတွေထဲကလို ဒူးထောက်ပြီး အော်ငိုပစ်လိုက်ချင်ပါသေးသည်။
ဟုတ်တယ်လေ။ သူမနေရာမှာ ဘယ်သူမဆို သူမလို ခံစားရမှာပဲ။ စရောက်တုန်းက အရင်ဘဝကို လွမ်းလို့ စိတ်ညစ်ခဲ့ရပေမယ့် သူမနာမည် ၊ သူမမိဘနာမည်နဲ့ ဒီကမ္ဘာအကြောင်း လေ့လာပြီးနောက် သူမ .. Because of this school ဆိုတဲ့ အချစ်ဝတ္ထုထဲ ရောက်နေမှန်း သိလိုက်ရသည်။ ပိုဆိုးတာက Second Female Lead ဆိုတာကြီးကို သိလိုက်ကတည်းက ကိုယ့်ကိုယ်ကို သတ်သပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ထွက်လာတော့သည်။
ကိုယ့်ရဲ့ အနာဂတ်မှာ ဖြစ်လာဖို့ အကြောင်းဖန်စေမယ့် အဖြစ်ဆိုးတွေကြားက နည်းအမျိုးမျိုးနဲ့ ရုန်းထွက်နေရင်း သူမ .. သူမကိုယ်သူမ Second Female Lead ဆိုတာ မေ့သွားလေသည်။
အမှန်တော့ .. သူမကိုက လွန်တာပါ။
ဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင်တွေနဲ့ မတွေ့ရတဲ့ နှစ်တွေမှာ ခပ်ပေါ့ပေါ့နေခဲ့ရင်း ဒီအကြောင်းအရာကို လုံးလုံးမေ့နေခဲ့တာလေ။ အခု ဒီပြဿနာတွေရဲ့ အစဖြစ်တဲ့ ဟော့ဒီ့က ကျောင်းအရှေ့မှာ သူမနာမည် ပါမပါ လာမကြည့်ခင်မှာပဲ မကြာခင် ဖြစ်လာတော့မယ့် သူမအဖြစ်ဆိုးကို ပြန်သတိရလေတော့သည်။
သေသင့်ဖို့ ကောင်းတဲ့ Gem .. 😑 .. ။
Second Female Lead ဖြစ်တာကို ဘာလို့ စိတ်ဆင်းရဲနေရတာလဲ ၊ First Female Lead မဟုတ်ပေမယ့်လည်း Second Female Lead ဖြစ်တာ တော်သေးတာပဲ မဟုတ်ဘူးလားလို့ ထင်ကြမှာပါ။
YOU ARE READING
Tiger Vs Kitty
Romance" ဟေ့ကောင် .. မင်း ဘာလုပ်တာလဲ ၊ ငါက ယောင်္ကျားလေးနော် " " ဟွန် ~~ ကိုယ် ဘာလုပ်နေလို့လဲ " သူ အနောက်ကနေ သူမခါးလေးကို ဖက်ထားရင်း ရဲတွက်လာတဲ့ နားရွက်လေးကို ကြည့်ပြီး ပြုံးလိုက်မိသည်။ " မင်း .. မင်း .. ငါ့ကို ဖက်ထားတယ်လေ " ...