Tiger Vs Kitty
Chapter 002
အ .. ဟုတ်သား ။ ဒီနိုင်ငံက သတ်မှတ်ထားတဲ့စည်းတစ်ခုကို မပြောရသေးဘူးပဲ။
အဲ့ဒါက .. စာအရမ်းတော်ရက်နဲ့ ငွေကြေးမရှိတာတို့ ၊ အလယ်အလတ်တန်းစားဖြစ်နေတာတို့ဆိုရင် နိုင်ငံရဲ့ နံပါတ်တစ် တက္ကသိုလ်ကို Full Scholar နဲ့ ဝင်ခွင့်ပေးခြင်းပင်။
ဒါက အရမ်း .. အရမ်းကောင်းပါတယ် .. အဲ့ဒီ့ သတ်မှတ်ထားတဲ့စည်းဆိုတာ မရှိရင်ပေါ့။
ဘာလဲဆိုတော့ .. မိန်းကလေးက ယောင်္ကျားလေးလို နေပြီး ယောင်္ကျားလေးက မိန်းကလေးလို နေရမှာပင်ဖြစ်သည်။
ကျောင်းက ဆရာ ၊ ဆရာမနဲ့ ကျောင်းအုပ်တွေကတော့ သူတို့တွေရဲ့ Gender အမှန်ကို သိခွင့်ရှိပေမယ့် သူတို့တက်မယ့်အတန်းက လူတစ်ယောက်ကသာ သတိထားမိရင် Scholar အသိမ်းခံရပြီး ကျောင်းလည်း အထုတ်ခံရမှာ ဖြစ်သည်။
အဓိပ္ပါယ်တော့ လုံးလုံးကို မရှိတာပါ။
မိန်းကလေးက ယောင်္ကျားလေးလို နေတာက ဖြစ်နိုင်ခြေရှိဦးတော့ ယောင်္ကျားလေးက ဘယ်လိုလုပ်ပြီး .. အဲ့ဒီ့လို ထင်တယ်မလား။ သူမလည်း ထင်ခဲ့သည်။
ဒါပေမယ့် သူမနာမည် ပါမပါ သွားအကြည့် လူတိုင်းကို သေချာကြည့်ခဲ့ပေမယ့် ဘယ်ဟာက မိန်းကလေး ၊ ဘယ်ဟာက ယောင်္ကျားလေး လုံးဝပြောပြဖို့ ခက်သည်။ ဆံပင်အတိုအရှည်နဲ့ Uniform ကြောင့်သာ မဟုတ်ရင် သူမ ဒီတစ်သက်ခွဲတတ်မည်မထင်။
ဒါကလည်း ဝတ္ထုထဲကအတိုင်း ဖြစ်နေရတာပါပဲ။
ဇာတ်လမ်းထဲကအရဆို သူမက မိန်းကလေးဆန်နေ
ရမှာပါ။ ဒါပေမယ့် ဇာတ်လမ်းထဲက S.F.L အဖြစ်မျိုး မရောက်ချင်တာမလို့ သူမ .. သူမဆံပင်တွေကို ညှပ်ပြီး ယောင်္ကျားလေးလိုနေခဲ့တာ အသက် ၁၅ နှစ် ကတည်းကပင်။ဒီကျောင်းကြီးမှာ အဲ့သုံးယောက်ရှိမှန်း သိသိနဲ့ ဘာလို့ လျှောက်ခဲ့တာလဲဆိုတော့ .. အမှန်ပြောရရင် သူမ မလျှောက်ခဲ့ပါဘူး။ သူမအရည်အချင်းကို နှမြောတသဖြစ်နေတဲ့ သူမကျောင်းက ဆရာ ၊ ဆရာမ ၊ ကျောင်းအုပ်နဲ့ သူမမိဘနှစ်ပါးက သူမ မသိအောင် ပေါင်းကြံခဲ့ကြခြင်းပင်။
သူမ လာကြည့်တယ်ဆိုတာကလည်း သူမနာမည် မပါလာစေချင်လို့ပင်။
အော် .. ပြောဖို့မေ့နေတာ။
မင်းသားနှစ်ယောက်ကသာ တကယ့်သူဋ္ဌေးအစစ်တွေပါ။
F.L ကတော့ အခြေခံလူတန်းစားပေမယ့် ဒီကျောင်း မလျှောက်ခင် ထီပေါက်ပြီး ရတဲ့ပိုက်ဆံမှန်သမျှကို ဒီကျောင်းကို တက်ရဖို့အတွက် scholar အစား အသုံးပြုခဲ့၍ မိန်းကလေးလိုသာ နေခွင့်ရှိလေသည်။
ကျောင်းကတော့ တဘက်ခါမှ စမှာပါ။
ဒီနေ့က ကိုယ့်အတန်းနဲ့ ကိုယ်နေရမယ့်အခန်းကို သိရဖို့ လာရခြင်းပင်။ ပြောဖို့မေ့နေပြန်ပြီ။
ဆရာ ၊ ဆရာမနဲ့ ကျောင်းအုပ်က Gender သိပေမယ့်လည်း မိန်းကလေးဖြစ်ပြီး ယောင်္ကျားလေးဟန်ဆောင်ထားတဲ့လူကို မိန်းကလေးနဲ့ ပေးနေမယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ဟုတ်ပါတယ်။ ထင်တားကြတဲ့အတိုင်း သူမက အခု ယောင်္ကျားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် သူမအခန်းဖော်က ယောင်္ကျားတစ်ယောက်ဖြစ်နေမှာ ဧကန်မလွဲပင်။
ARR .. GOD .. I HATE YOU !!
ဒါပေမယ့် ဆယ်တွဲမှာ တစ်တွဲကတော့ ယောင်္ကျားလေးမိန်းကလေး တွဲပေးတတ်သည်။ ယောင်္ကျားလေးတစ်ဖြစ် မိန်းကလေးနဲ့ မိန်းကလေးအခန်းဖော်နဲ့ .. ဒါမှမဟုတ် .. မိန်းကလေးတစ်ဖြစ် ယောင်္ကျားလေးနဲ့ ယောင်္ကျားလေးအခန်းဖော်နဲ့ .. ( Yaoi 😍 ) ။
အဲ့ဒါကြောင့် .. ကိုယ့်ကိုယ်ကို ကံကောင်းပါစေလို့ ဆုတောင်းနေမိသည်။
ဒါပေမယ့် .. သူမ ကျမယ့်အခန်းနဲ့ အခန်းဖော်နာမည်ကို မြင်လိုက်ရမှ
သူမရဲ့ ဆုတောင်းစကားဆို God က ဘယ်တော့မှ အဖတ်မလုပ်ခဲ့တာကို သူမ သတိရသွားခဲ့လေသည်။Room 230 , Roommates - Kai & Gem
Fuck .. The Male Lead !!
E . N . D
Chapter 002
လိုချင်တဲ့ အခန်းရောက်နေတာမလို့ တိုပေမယ့် ရပ်လိုက်ရတာ တောင်းပန်ပါတယ် ^-^
Plz Cmt ^-^
YOU ARE READING
Tiger Vs Kitty
Romance" ဟေ့ကောင် .. မင်း ဘာလုပ်တာလဲ ၊ ငါက ယောင်္ကျားလေးနော် " " ဟွန် ~~ ကိုယ် ဘာလုပ်နေလို့လဲ " သူ အနောက်ကနေ သူမခါးလေးကို ဖက်ထားရင်း ရဲတွက်လာတဲ့ နားရွက်လေးကို ကြည့်ပြီး ပြုံးလိုက်မိသည်။ " မင်း .. မင်း .. ငါ့ကို ဖက်ထားတယ်လေ " ...