အခန္​း(၂)

7.9K 550 90
                                    

အခန်း...၂

ဆောင်ဟွန်း တော်ဝင်စာကြည့်ဆောင်ထဲ ဝင်လိုက်တာနဲ့ မြောက်ဘက်ပြတင်းပေါက်နားမှာ ခေါင်းအုံးနဲ့ အိပ်နေတဲ့ လီချင်း ကိုတွေ့လိုက်ရတယ်။သူ့ပေါ် လွှမ်းခြုံထားတာကတော့ မင်းကြီးရဲ့ တော်ဝင်ဝတ်ရုံလွှာ။ သူလည်း ခဏမျှ အံ့သြသွားပြီး သေသေချာချာ မေးလိုက်တယ်။

''အစ်ကိုသုံး ဒါက တားမြစ်ထားတယ် မဟုတ်ဘူးလား..´´

''ဒါလေးက ဘာမှ မဟုတ်ပါဘူး..´´

မင်းကြီးက အရေးမကြီးဟန်ဖြင့် ဖြေတယ်။

''သူ့ကို ရှိန်ဂျွန်း အဖြစ် ဘွဲ့ပေးပြီး ဘာကြောင့် ထင်ထင်ပေါ်ပေါ် မနေစေတာလဲ..´´

(TN: ရှိန်ဂျွန်း=အမျိုးသား ကြင်ရာတော် သို့ မိဖုရားငယ်ဖြစ်သည်)

''မင်းလည်း.သူ့ စိတ်ကို သိသားနဲ့...´´

''ဟုတ်တယ်....လီ မိသားစုဝင်တွေက မောက်မာတယ် ခေါင်းမာတယ်.တဇွတ်ထိုးဆန်တယ်....´´

ဆောင်ဟွန်းက ပြုံးတယ်။သူ့အစ်ကိုတော်ပြောတာကို သူလည်း နားလည်တယ်ဆိုတဲ့ သဘော။

''ညီ ခြောက်....မင်း ဘာကိစ္စနဲ့များ...အထူးထွေ ငါ့ကို.တွေ့ချင် ရတာလဲ...´´

မင်းကြီးက မေးတယ်။

''ညီလေး ခုနှစ်....ချူ းနန်မှာ ဘာလုပ်နေလဲဆိုတာ...မင်းကြီး.သိပါသလား...´´

''သူ စစ်တပ်ကို လေကျင့်နေတာလေ...´´

''အယ်....မင်းကြီး သိနှင့်နေပြီသားပဲ...´´

''ဒီပြည်ကြီးက ကိုယ်တော့်အပိုင်ပါ...´´

''အစ်ကိုတော် သုံး....အစ်ကိုတော့်ကို ည်ီတော်တော့.တအားလေးစားရပါတယ်...ပြည်သူတွေက အစ်ကိုတော့်ကို နတ်မျက်စိသခင် လို့ ခေါ်တာလည်း မပြောနဲ့...ဘယ်အရာမှ အစ်ကိုတော့်ဆီက ဖုံးကွယ်လို့မှ မရပဲကို....´´

''ညီတော် ခုနှစ်က ဘာ သစ္စာဖောက်မှုမှ မကျူ းလွန်ထားဘူး....´´

''ဒါပေမဲ့ သူ ဘာလို့ ဒီလို စစ်တပ်တစ်ခုကို လေ့ကျင့်ပေးနေရတာလဲ...ဒါ အစ်ကိုတော့်ကို အထင်လွဲစေနိုင်တယ်လေ...´´

''သူ ထင်တာက သူ့ကို ငါကိုယ်တော်က လူတစ်ယောက် ချီးမြှင့်မယ်ထင်လို့....´´

မို ပန်းလေးတွေ ပွင့်ချိန်(Mo flower Myan Translation)Where stories live. Discover now