အခန်း ၃..(အဆက်​ ၃)

2.5K 346 22
                                    


နောက်နောင်အခါခွင့်သင့်လို့
ဒီကိစ္စကို လီဆုန်ချင်း သတိရမိတဲ့အခါတိူင်း
ထိုစဉ်ကတည်းက မင်းကြီးရဲ့ ချုပ်ကိုင်မှုကို
သူခံထားရပြီဆိုတာကို သူ သတိထားမိတော့
တယ်။ သူ ကလန်ကဆန် ခေါင်းမာမာပြုမှုတိုင်း
သူ့ကို လက်လျော့သွားအောင်လုပ်နိုင်မယ့်နည်းတွေ မင်းကြီးဆီမှာ ရှိနေပြီးသားဖြစ်တယ်။

တစ်တောင်ထက် တစ်တောင်မြင့်ဆိုသလိုပဲ
သူရဲ့ အလွန်အမင်းခေါင်းမာမှုဆိုတာ
မင်းကြီး သူ့အပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှူ
နဲ့ ယှဉ်တော့ မြူ မှုန်မျှသာရှိတယ်။

ှူှူသူ အဖမ်းခံရနေချိန်မှာ ဖြစ်သွားတဲ့
ကိစ္စတစ်ခုကို နောက်ရက်မှာ သိရချိန်မှာတော့
လ်ီဆုန်းချင်းတစ်ယောက် ရယ်ရမလား
ငိုရမလားတောင် မသိဘူးဖြစ်သွားရတယ်။

သူ တစ်ယောက် လူသတ်သမား ရဲ့ ဓားစာခံ
ဖြစ်နေချိန်မှာတော့ သူ့အစ်ကိုအကြီးဆုံး
လီအိမ်တော်သခင်ကြီး လီဆုန်းရင်း က
သူ့ညီလေးသေရေးရှင်ရေးကို နည်းနည်းမျှတောင်
အမူမထား လောင်းကစားဝိုင်း ဖွင့်လိုက်သေး
တယ်။  လုပ်ကြံသူ သေပြီး လီဆုန်းချင်း.လွတ်
မြောက်သွားတယ်၊ သို့မဟုတ် လုပ်ကြံသူ လွတ်
မြောက်သွားပြီး လီဆုန်းချင်းဟာ တိုင်းပြည်အတွက်
အသက်ပေးသွားတယ်၊ သို့မဟုတ် လီဆုန်းချင်း
ရော လူသတ်သမားပါ ဓားချက်အောက် အသက်
ပျောက်သွားတယ် ။ အလျော်အစားကတော့
နှစ်ဆ တစ်ဆ နဲ့ သုံးဆတိုးပေးမယ်ဟေ့။

နန်းတွင်းထဲမှာ သူ့ညီအသက်နဲ့လောင်းကြေး
ထပ်ပြီး မသမာနည်းနဲ့ ငွေရှာလိုက်နိုင်ရုံသာမက
လီဆုနိးချင်းကို ပြန်တွေ့တဲ့ အခါမှာလည်း
ပြောသေးတယ်။
'' တော်သေးတာပေါ့ ငါတို့မိသားစုပိုင်လုပ်ငန်း
ထဲမှာ အသုဘခေါင်းရောင်းဝယ်ရေးနဲ့ အသုဘ
ဖိတ်စာ ဝန်ဆောင်မှုလုပ်ငန်းပါလို့...မင်းသာ
မတော်လို့ သေ သွားခဲ့ရင် ဈေးအသင့်တင့်
အခေါင်းလည်းရမယ်... မိသားစုဝင်ချင်းမလို့
မင်း ကျောက်စာတိုင်တောင် တစ်ဝက်ဈေးနဲ့ရမှာ´´

'' ဒါဆို ငါ့ကို ဘာကိစ္စ မြက်ဖျာထဲပဲ လုပ်ပြီး
ကျင်းတစ်ကျင်း တူးပြီး မပစ်လိုက်တာလဲ´´

လီဆုန်းချင်းလည်း.စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ချေပ
တယ်။

'' ဘယ်လိူလုပ် လုပ်လို့ရမှာလဲ အဲ့သလ်ိုသာ
ဆိူရင် နန်းတွင်းကပေးတဲ့ မင့်အသက်လျော်ကြေး
ကို ငါ ဘယ်အများကြီးတောင်းလို့ရတော့မလဲ´´

လီဆုန်းရင်းလည်း အလေးနက်ပြောတယ်။

အကိုဖြစ်သူက သူ့ညီ မသေလောက်ဘူး
ကယ်ခံရမယ်ဆိုတာ ယုံကြည်နေပေမဲ့လည်း
ခုလို ညီဖြစ်သူအသက်ကို လောင်းကြေးထပ်
ကစားတာကြီးကိုသိတော့ လီဆုန်းချင်းဟာ
စိတ်မဆိုးဘဲကို မနေနိုင်ဘူး။

နောက်ဆုံးအနေနဲ့ လူသတ်သမား လုပ်ကြံချင်
ရတဲ့အကြောင်းရင်းကတော့ အခြားတစ်နိုင်ငံက
သူလျှ ိုသပ်သပ်သာ ဖြစ်တယ်။ ပြီးတော့
သူ့ရဲ့ လုပ်ရပ်ကလည်း အလကားအချိန်လာ
ဖြုန်းတာဖြစ်သွားရှာတယ်။ ကဲ ဒါဆို ဒီကိစ္စကို
ဒီနားတင် တစ်ခန်းရပ်ကြစို့။

အခန်း ၃ ပြီး၏ ။

မို ပန်းလေးတွေ ပွင့်ချိန်(Mo flower Myan Translation)Where stories live. Discover now