မို့မှိုင်းနေသောတိမ်တိုက်များကြားထဲကနေ မိုးစက်လေးများ အပြိုင်အဆိုင်မြေပြင်ပေါ်ကိုသက်ဆင်းလာကြသည်။ တချို့ကတော့ မိုးစက်လေးတွေကိုမုန်းကြမယ်ထင်တယ်....ကျွန်တော်ကတော့ သူတို့ကိုမမုန်းရက်ပါဘူး။ ကျွန်တော့်ဘဝရဲ့ ပထမဆုံးသော ရင်ခုန်သံလေးကို မိုးစက်တွေကြားမှာရှာတွေ့ခဲ့လို့ပါ.
.........လွန်ခဲ့သော ၁လ
" မိုးကလည်းကြာလိုက်တာကွာ။ အခုထိကိုမတိတ်သေးဘူး... ငါလာမကြိုရင်လည်းဟိုကရစ်တော့မှာ "
မင်းဆက်.. မိုးအရမ်းသည်းနေ၍ အတန်းချိန်ကုန်သွားတာတောင် မပြန်သေးပဲ ရုံးခန်းရှေ့က ထိုင်ခုံလေးမှာထိုင်စောင့်နေတုန်းဘေးနားက ရှားရှားပါးပါးတစ်ဦးတည်းသော ယောကျာ်းလေးသူငယ်ချင်း
ပြည့်ဖုန်း ညီးတွားသံကြား၍ တပ်ထားသော ear phone ကိုဖြုတ်ကာ သူ့မျက်နှာကိုကြည့်လိုက်မိသည်။ အခုချက်ချင်းသာ မိုးရွာတာမရပ်ပါက သိကြားမင်းထိတက်ပြသနာရှာနိုင်တဲ့ပုံပင်...စိတ်ပူနေတာကြောင့် မျက်နှာကြီးကနီရဲနေကာ snow white ကားထဲက ဦးစိတ်တိုတောင်သွားသတိရမိသေးသည်.."ပြည့်ဖုန်းရာ အချိန်တန်မိုးတိတ်မှာပါ..မင်းကြည့်ရတာစိတ်မချမ်းသာလိုက်တာ "
"မင်းတို့လို fa တွေကတော့ဘယ်နားလည်မလဲကွ။ ငါ့ကောင်မလေးကသူချိန်းထားတဲ့အချိန်အတိမရောက်ရင်အသေရစ်တာကွ ။နောက်ပြီး Ir နဲ့ e major ကအဝေးကြီး "
ု" ရှည်ပြီး e major ကကောင်မလေးကိုသွားကြောင်တာကို နီးနီးနားနားက သချာင်္တို့ zoo တို့ကကောင်မလေးထားပါလား "
မင်းဆက်ပြောတာလည်းမမှား...ကိုယ်တွေIr နဲ့ e major က ရှေ့ဆုံးအဆောင်နဲ့ နောက်ဆုံးအဆောင်ဖြစ်နေတော့ သွားရတာ အနည်းဆုံး ၁၅မိနစ်တော့ကြာသည်။ မိုးတိတ်တဲ့အထိပါစောင့်ရမယ်ဆိုရင် သူ့ကောင်မလေးဆီရောက်တဲ့အချိန် ပြည့်ဖုန်းတစ်ယောက် အမှုန့်ကြိတ်ခံရမှာမလွဲပေ
"ဟူး...ဖုန်းဆက်ပြီးပြောပြလိုက်ပါလားကွ။ မိုးအရမ်းသည်းနေတယ်လို့ "
"ဟာ...အဲ့တာမှပြသနာအကြီးကြီးတက်သွားမှာ။ဘာလဲ မိုးရွာတာနဲ့လာမကြိုနိုင်ရတော့ဘူးလားတို့ဘာတို့ "
YOU ARE READING
If
Romanceအကယ်၍ များ ကျွန်တော့်ရင်ခုန်သံတွေရပ်တန့်သွားရင်တောင် ယုံကြည်ပေးပါအကို ကျွန်တော် နောက်ဆုံးထွက်သက်အထိအကို့ကိုမေ့မရခဲ့ပါဘူး