ep 2

145 25 54
                                    

" ဒီဘက်တိုးပါကွ...ငါမင်းကိုမကိုက်စားပါဘူး "

မကိုက်စားမှန်းတော့သိတာပေါ့ ..ဒါပေမယ့် ကိုယ်ကိုက သူ့နားကိုမကပ်ချင်တာရယ် ရှေးဘဝကဆုတောင်းဆုယူများရှိခဲ့မယ်ထင်တယ် လူက သူ့ကိုမြင်တာနဲ့ကို မျက်စောင်းပဲထိုးချင်နေတာ. ..

အခုလည်း ကားပေါ်ကိုအတင်းလိုက်လာတယ်..ပြောတော့ဒီ နံပါတ်စီးနေကြဆိုပြီး မင်းဆက်ဖြင့်တစ်ခါမှမတွေ့ဖူးပါဘူးရယ် ။ဘေးနားမှာထိုင်ပြီး ဒုက္ခပေးဖို့လိုက်လာတာပဲနေမှာ

" ဒါနဲ့လေ မင်းနာမည်ဘယ်လိုခေါ်လဲ "

"ဘာလုပ်ဖို့လဲဗျ "

"ဘာမှတော့လုပ်စရာမရှိပါဘူး။ နာမည်သိတော့ပိုခေါ်ကောင်းမလားလို့ပါ "

"ရှိန်းမင်းဆက် "

"ဟင်...အဲ့တာလူနာမည်လား "

"မဟုတ်ဘူး အိမ်ကကြောင်နာမည် "

ဟုတ်တယ်လူကတင်းလာပြီရယ်...နာမည်မေးပြီးလူနာမည်လားဆိုတော့...အဘွားသာကြားရင်တွေ့တာနဲ့ကောက်ပေါက်မှာ... သူ့ခမျာ အဲ့နာမည်ရဖို့ မြန်မာနိုင်ငံ တစ်ပတ်ပတ်ပြီး ဗေဒင်ဆရာတွေဆီမေးပြီးရွေးထားရတာ သူမသိရှာဘူး..

"ဟား....မဟုတ်ပါဘူးကွာ.မင်းနာမည်ကမိန်းကလေးဆန်လို့ပါ "

"အဲ့တာဆို ဒီဘက်ကလူ နာမည်ကရော ဘယ်လောက်တောင်များ ယောကျာ်းဆန်နေလို့လဲ "

"ဘာလဲ သိချင်လို့လား "

"တော်ပါပြီ ကျွန်တော်ကခင်ဗျားလိုမစပ်စုတတ်ဘူး "

"ငါလည်း မင်းနဲ့တွေ့မှစကားများလာတာပါ "

မင်းဆက်လည်း သူနဲ့တွေ့မှ မျက်စောင်းထိုးတတ်လာတာပါ...ပြောမရဘူး သူနဲ့သာကြာကြာနေရင်သူငယ်အိမ်ပါစောင်းသွားနိုင်တယ်..သူ့ရဲ့မေးခွန်းများစွာမလာခင် ear phone တပ်ကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။ အလိုက်ပဲသိတာလား...စကားပြောဖို့မောသွားတာလားလို့မသိ...မင်းဆက်ကိုစကားဆက်မပြောတော့ ။ကောင်းတယ်...နားညည်းသက်သာသွားတာ ပေါ့။ အခုမှ ကိုယ်လည်း သီချင်းကိုအာရုံစိုက်နားထောင်ပြီး ငြိမ့်ညောင်းသောသံစဉ်များနဲ့အတူ လေးလံလာသောမျက်လုံးများ......

IfWhere stories live. Discover now