Ep 1

22.5K 578 5
                                    

ခင်​​ဗျားကသာ ​တောဘုရင်​ဖြစ်​​ခဲ့မယ်​ဆို ကျွန်​​တော်​က ပါးနပ်​တဲ့​မြေ​ခွေးတစ်​​ကောင်

💌💌💌💌💌💌💌💌💌💌💌

" လမ်းခွဲရ​အောင်​ "

တိတ်​ဆိတ်ကာလူရှင်း​နေတဲ့ဆိုင်​ထဲ ထိုင်​​နေတဲ့​​ကောင်​​လေးက သူ​ရှေ့က​ကောင်​မ​လေးကို ​ပြောလိုက်​​သောစကား

" ​မောင်​ကလဲ ဘာလို့နှင်းကိုလမ်းခွဲချင်​တာလဲ ​မောင်​ရှုပ်​တာ​တော့ နှင်းသိပါတယ်​ ဒါ​ပေမဲ့​နှင်းနဲ့တွဲတာ တစ်​ပတ်​​တောင်​ မပြည့်​​သေးတာ ​မောင်​က နှင်းကို ငြီး​ငွေ့သွားရ​အောင်​ နှင်းဘာလုပ်​မိလို့လဲ ​မောင်​ရယ်​ "

ကောင်​မ​လေးရဲ့အသနားခံသလို​ပြော​နေတဲ့စကားကို ​ကောင်​​လေးက စိတ်​ပျက်​ငြီး​ငွေ့သလို ထိုင်​ကြည့်​​နေသည်

" ဘာလုပ်​မိလို့လဲ ဟုတ်​လား ဒါ​တွေက ဘာလဲ "

စားပွဲ​ပေါ်ပစ်​တင်​​ပေးလိုက်​တဲ့ ဓာတ်​ပုံ​တွေ​ကြောင့်​ ​နှင်းဆို​သော ​ကောင်​မ​လေးမျက်​နှာ ပျက်​သွားသည်

" ဒါ ဒါက "

" ဟက်​ ကျွန်​​တော်​က မိန်းမ​တွေကို ဘယ်​နှစ်​​ယောက်​ပြိုင်​တွဲတွဲ ကျွန်​​တော်​တွဲတဲ့မိန်းမက တွဲ​နေစဉ်​ကာလမှာ ​နောက်​တစ်​​ယောက်​နဲ့ ဖြစ်​တာမျိုးကို အမုန်းဆုံးပဲ ဒီဓာတ်​ပုံ​တွေက မင်းမ​နေ့က ကလပ်​အပြန်​ ကားထဲမှာ မင်း Bodyguardနဲ့ ဖြစ်​ချင်​သလို ဖြစ်​​နေတဲ့ပုံ​တွေ "

" ဟို အဲ အဲ့ဒါက "

" စိတ်​ပူမ​နေနဲ့ ကျွန်​​တော်​က မယုတ်​မာတက်​ဘူး ဒါ​တွေကို ပြန်​မဖွပါဘူး ဒီဓာတ်​ပုံ​တွေ​တော့ ခင်​​ဗျားဘာသာ ဖျက်​စီးလိုက်​​တော့ "

" ​ကျေး ​ကျေးဇူးတင်​ပါတယ်​ ဟန်​မင်း​ခေတ်​ "

ပြောပြီးသည်​နှင့်​ ဓာတ်​ပုံ​တွေ​ယူပြီး ဆိုင်​ပြင်​ထွက်​သွားတဲ့နှင်းကို ကြည့်​ရင်း ​ခေတ်​ စိတ်​ပျက်​​နေမိသည်​ လွယ်​လွန်းတဲ့မိန်းက​လေး​တွေ ​တော်​​တော်​တန်​ဖိုးမရှိတာပဲ

Can You Catch Me?Where stories live. Discover now