Ep 5

6.8K 331 2
                                    

မနက်​ခင်းနိုးလာ​တော့ ​ခေတ်​တစ်​ကိုယ်​လုံး နာကျင်​မှု​တွေနဲ့ အထူးသဖြင့်​ ခါး​အောက်​ပိုင်းက အရမ်းနာ​နေပြီး မလှုပ်​နိုင်
ခေတ်​​ဘေးကို ကြည့်​လိုက်​​တော့ ရှိုင်း​နေမာန်​မရှိ၍ ​တော်​​သေးသည်​ ဒါ​ပေမဲ့ ​ရေချိုးခန်းထဲမှာ ကျ​နေတဲ့​ရေသံ​​တွေအရ ရှိုင်း​နေမာန်​ ​ရေချိုး​နေတာ ဖြစ်​လိမ့်​မည်

ညက အဖြစ်​အပျက်​​တွေ ပြန်မြင်​​ယောင်​​နေရင်း လက်​မခံနိုင်​ပဲ ငြင်းဆန်​​နေမိသည်​ တစ်​ရက်​ထဲနဲ့ ​ဟန်​မင်း​ခေတ်​ရဲ့ဘဝက ဘယ်​လို​တွေ ​ပြောင်းလဲသွားတာလဲ ရှိုင်း​နေမာန်​ကို အထင်​​သေးမိတာ ငါ့အမှား ငါ သူ့ကိုအရမ်းကို ​လျှော့တွက်​လိုက်​မိတာပဲ

ဖုန်းနဲ့ ပိုက်​ဆံအိတ်​ကလဲ Clubမှာ ကျန်​ခဲ့ပြီ လိုင်​နာကလဲ ဒီမှာမရှိ​တော့ဘူး လိုင်​နာ့ကို အကူအညီ​တောင်းလို့ မရဘူး ​ဖေ​ဖေကို​ပြောရင်​လဲ မဖြစ်​ဘူး ​ရှိုင်း​နေမာန်​နဲ့ငါ ဘာတွေဖြစ်​ခဲ့လဲသိရင်​ အ​သေသက်​မှာ မမကလဲ ​ဖေ​ဖေ့ဘက်​​တော်​သား မမသိရင်ေ​ဖ​ဖေတန်းသိမှာ Shit အ​ရေးအ​ကြောင်းဆို တစ်​​ယောက်​မှ သုံးစားမရဘူး

အရင်​ဆုံး ရှိုင်း​နေမာန်​လက်​ထဲက လွတ်​​အောင်​လုပ်​ရမယ်​ အဲ့အ​တွေးနဲ့အတူ ထထိုင်​လိုက်​​တော့ နာကျင်​မှု​ကြောင့်​ ​ခေတ်​မျက်​နှာ​လေး မဲ့သွားရသည်​ ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​​တော့ တစ်​ကိုယ်​လုံး အဝတ်​အစား​မရှိ ကု​တင်​​ခြေရင်းမှာ ပုံ​နေတဲ့အင်္ကျီဖြူကို ဆွဲယူပြီး ဝတ်​လိုက်​သည်

အင်္ကျီက ရှိုင်း​နေမာန်​အင်္ကျီဖြစ်​ပုံရသည်​ ရှိုင်း​နေမာန်​အင်္ကျီကို ​ခေတ်​ဝတ်​လိုက်​​တော့ ​အင်္ကျီအရှည်​က ​ပေါင်​လယ်​​​လောက်​ ဖုံး​နေသည်​ ဒီ​လောက်​ဆို ​ဘောင်းဘီရှာမ​တွေ့လဲ အဆင်​​ပြေသားပဲ ဒါနဲ့ ငါ့အင်္ကျီ​တွေ ဘယ်​​ရောက်​သွားတာလဲ ဘာပဲဖြစ်​ဖြစ်​ ငါ ဒီ​နေရာက အရင်​လွတ်​​အောင်​ လုပ်​ရမယ်

" ​နေနှင့်​ဦး​ပေါ့ ရှိုင်း​နေမာန် မိန်းမ​တွေကို​တောင်​ ရွံ့လို့မထိခဲ့တဲ့ ​ခေတ်​ခန္ဓာကိုယ်​ကို ခင်​​ဗျားမို့လာထိရဲတယ်​ ​စောင့်​ကြည့်​​နေလိုက်​ ဟန်​မင်း​ခေတ်​ကဘာ​ကောင်​လဲ ခင်​​ဗျားသိရမှာပါ ကိုယ့်​အလှည့်​ကျ မနွဲ့စတမ်း​ပေါ့ "

Can You Catch Me?Where stories live. Discover now