နဖူးစာ အချိန်လည် ☪
...
...
...
...
...
...
...Chapter.2...စိမ်းစိုနေတဲ့ တောအုပ်ကြီးမှာ..
သဘာဝလေတိုးသံတွေအပြင်
မြင်းခွာသံခပ်ပြင်းပြင်းတွေက အပြည့်ဖုံးလွှမ်းလျက်.." ပစ်မှတ်ကိုထိသွားပါပြီ မင်းကြီး..."
ဘေးနားက အထိန်းတော်ရဲ့စကားအဆုံး
မြင်းအဖြူလေးပေါ်က နဂါးဝတ်စုံလေးနဲ့
ခန့်ညားနေတဲ့ ယောက်ျားပီသတဲ့ ရှီလာနိုင်ငံက
မင်းကြီးဟာ သူ့လက်ထဲမှ လေးတော်ကို
တစ်ဖက်လူဆီသို့...မြင်းခွာသံတွေဟာ တစ်စထက်တစ်စသိပ်သည်းလာပြီး
လဲကျနေတဲ့ သမင်လေးထံသို့...
သို့သော်....." Johna....ပစ်မှတ် သမင်အပြင်....ကောင်လေး
တစ်ယောက်လဲနေတာကိုတွေ့ရပါတယ်...
ဘာမှန်းမသိသေးတာမို့ ကျွန်တော်မျိုးတို့ အနားကပ်လို့
မသင့်သေးပါဘူးဘုရား...."အထိန်းတော်ကြီးစကားအပြီး.
မင်းကြီး Jongin တစ်ယောက်
သမင်လေးရှိနေရာကိုကြည့်မိတော့မြားဒါဏ်ရာနဲ့ လဲကျနေတဲ့ သမင်လေးဘေးမှာ..
အင်္ကျီဖားဖား ပန်းရောင်အနုလေးနဲ့...
အဲ...
ဆံပင်ကလည်းတိုနေတာပဲ..
ပြီးတော့ ငွေရောင်လေး...
တိုတိုအုပ်အုပ်ကလေးနဲ့..
ဆံပင်အုပ်အုပ်လေးအောက်က မထင်မရှားမြင်နေရတဲ့
နဖူးဖြူဖြူနုနုလေး...
နှာတံစင်းစင်းလုံးလုံးလေး
ရဲပြီး အနည်းငယ်ဟနေတဲ့
နှုတ်ခမ်းနီနီပိစိလေး...
သေချာကြည့်တော့မှ...
အသည်းပုံ ပုံစံလေးပေါက်နေသလားလို့...နတ်သားလေးများလား...
ဆံပင်ကလည်း ငွေရောင်လေးနဲ့
အသားလေးကလည်း အဝေးကကြည့်နေရင်းတောင်
ဖြူဖြူနုနု..နို့နှစ်ရောင်လေးက ထင်ရှားနေတာ..
မျက်လုံးလေးတွေကမှိတ်ထားသော်လည်း
မျက်တောင်ကော့ကော့လေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်း
နေလွန်းတဲ့ထိုကောင်လေး...သူ့အလှနဲ့ ချစ်စရာကောင်းတာကို
ကိုယ်တော်စာတောင်မဖွဲ့နိုင်ဘူး...
ပြီးတော့ မြက်ခင်းကို အိပ်ယာအမှတ်နဲ့အိပ်နေသည်ထင်..
ဘေးနားက သစ်လုံးလေးကိုတောင်ဖက်ထားလို့ ...တောင်ပံလည်းမတွေ့တာမို့
ထိုကောင်လေးဟာ နတ်သားတော့မဖြစ်နိုင်..
ဆင်အော်တောင်မနိုးနိုင်တဲ့ လူသားလေးပဲဖြစ်ရမယ်
YOU ARE READING
နဖူးစာ အချိန်လည် ☪
Fantasyဖူးစာပါရင် ဘယ်လောက်ဝေးဝေး ဘယ်ကမ္ဘာခြားနေပါစေ.. နောက်ဆုံးမှာဆုံစည်းကြတတ်တယ် 😇😇😇😇