နဖူးစာ အချိန်လည် ☪
...
...
...
...
...
...
...Chapter.3...အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်မှုကြီးစိုးနေတဲ့အခန်းငယ်လေး..
ဗိုက်ဆာတယ်ဆိုပြီးမစားသေးတဲ့ မင်းသားလေးကြောင့်
Jongin ကပင်စကားစပြောလိုက်ပြီး" မင်းသားလေး မစားသေးဘူးလား...."
" ဒါကဘာကြီးလဲ...
ကိုယ်တော့်ကို ဒီတီကောင်နဲ့တူတဲ့ဟာ
ကြီးကိုစားခိုင်းတာလား...
ဒါကတီကောင်ပြုတ်လား..."အငွေ့တစ်ထောင်းထောင်းထနေတဲ့.
ခေါက်ဆွဲပန်းကန်ကြီးကို ကမ္မဌာန်းရှုသလို
မလှုပ်မယှက်ကြည့်ကာ စကားဆိုလေတဲ့
Kyung Soo မင်းသားလေး" haha...."
" ဘာလို့ရယ်တာလဲ မောင်မင်း..."
သူလေးအပြောကြောင့် ကျွန်တော်ရယ်လေတော့..
မျက်စောင်းလေးထိုးပြီးမေးလာတဲ့ မင်းသားငယ် kyung soo.." အာ့တာကိုမသိဘူးလားမင်းသားလေး..."
" imm မြင်တောင်မမြင်ဖူးဘူး...."
" အာ့တာကိုခေါက်ဆွဲလို့ခေါ်တယ်...မင်းသားလေးရဲ့..."
" ဘာတဲ့ ခေါက်စွဲ....ဟုတ်လား...".
" ခေါက်ဆွဲပါမင်းသားလေးရဲ့....ဂျုံနဲ့လုပ်တာလေ.."
"Aww....."
"မင်းသားလေးတို့ ဂိုဂူလျောမှာ ဒီလိုခေါက်ဆွဲမရှိဘူးလား"
" မရှိဘူး..."
" ဒါနဲ့ ဘယ်လိုစားရမှာလဲ...ဒီအတိုင်းပဲ တူနဲ့ညှပ်ပြီးစားရမှာလား...တကယ်ဂျုံနဲ့လုပ်တာလား...
ကိုယ်တော်ထင်နေတာအကောင်ကြီးလို့...."တူလေးနဲ့ ခေါက်ဆွဲအိုးကိုမွှေကြည့်ပြီး စူးစူးစမ်းစမ်း
ပြောနေတဲ့ မင်းသားလေး...
ပါးဖောင်းဖောင်းလေးက စကားပြောတိုင်းပိုပိုဖောင်းပြီးမို့တက်သွားတာ..ကိုက်စားချင်စရာ...
ပေါက်စီလေးကျလို့..." အကောင်မဟုတ်ပါဘူး...ရဲရဲသာစားပါ
မင်းသားလေးရဲ့..."" ရှည်လွန်းတယ် မစားရဲဘူး..."
" ကျွန်တော် ကပ်ကြေးနဲ့ညှပ်ပေးမယ်နော်..."
ပြောရင်းဆိုရင်း ကျွန်တော်..ခေါက်ဆွဲကို
သူ့အတွက်ပန်းကန်လုံးသေးသေးလေးထဲခွဲထည့်ပေး
လိုက်ပြီး ခေါက်ဆွဲဖတ်လေးတွေကို ကပ်ကြေးနဲ့အသေးဆုံးညှပ်ကာပေးလိုက်တော့...
မဝံ့မရဲ...ဇွန်းလေးနဲ့ခပ်ပြီးစားကြည့်လေတယ်..
YOU ARE READING
နဖူးစာ အချိန်လည် ☪
Fantasyဖူးစာပါရင် ဘယ်လောက်ဝေးဝေး ဘယ်ကမ္ဘာခြားနေပါစေ.. နောက်ဆုံးမှာဆုံစည်းကြတတ်တယ် 😇😇😇😇