LOV 1

327 41 3
                                    

Hello to myself. . . Hello to myself

အလင်း​ရောင်​ပြပြမ​ပေါ်ခင်​ထွက်​​ပေါ်လာ​သော alarm မြည်​သံ​ကြောင့်​အိပ်​ရာမှစိတ်​ပျက်​စွာနိုးထမိသည်

"ရက်​​တွေမကုန်​ဆုံးနိုင်​​သေးဘူးလား"

"ဒီဘဝကြီးကမြန်​မြန်​လွတ်​​မြောက်​ချင်​ပြီ"

အသက်​၂၇နှစ်​က​သေဖို့​စော​သေး​ပေမဲ့ကိုယ်​​နေရာတဲ့ဘဝကြီး​ကြောင့်​စိတ်​ပျက်​မိတယ်

မနက်​မိုးမလင်းခင်​ထ စက်​ဘီး​လေးနဲ့သတင်းစာပို့ ပြီးတ​နေ့လုံးကြုံရာလိုက်​ထမ်း ညကျ၁၂​ကျော်​အထိစား​သောက်​ဆိုင်​​လေးမှာအလုပ်​လုပ်

ဒါ​တောင်​ကျွန်​​တော်​ရတာ​လေးက စားရရုံ ​နေစရာရရုံ

ဘယ်​မှာလဲလူငယ်​သဘာဝလွတ်​လပ်​​ပျော်​ရွှင်​မှု​တွေ ?

ငယ်​ငယ်​ကတည်းကမိဘ​တွေမရှိ​တော့တဲ့ ကျွနိ​တော်​Park Chan Yeolမှာလွတ်​လပ်​မှုမရှိ ​ပျော်​ရွှင်​မှုမရှိ သူငယ်​ချင်းအ​ပေါင်းအသင်းလဲမရှိ. . .

ကျွန်​​တော့်​မှာရှိတဲ့တခုတည်း​သောအရာက အိပ်​မက်​ ဘဝဆိုတဲ့ဇာတ်​လမ်းတခုမှာကျွန်​​တော်​ဟာ leading roleကပါဝင်​​နေတဲ့leadတစ်​​ယောက်​ဖြစ်​ကိုဖြစ်​ရမယ်

ကျွန်​​တော့်​အ​ကြောင်းကိုမိတ်​ဆက်​ပြီးပြီဆို​တော့​နေ့စဉ်​ဘဝကိုကျွန်​​တော်​နဲ့အတုတူဖြတ်​သန်းကြည့်​ကြရ​အောင်

ပထမအလုပ်​ဖြစ်​တဲ့သတင်းစာပို့ချိန်​ ​ထွေ​ထွေထူးထူးမရှိခဲ့ဘူး

နေ့လည်​အလုပ်​ချိန်​လဲ ထူးမခြားနားပါဘူး

အဲ့ည​နေအချိန်​က​တော့ထူးခြားတယ်​လို့​ပြောရမလား. . .

"Ohsehun ကျွန်​မတို့လက်​ထပ်​ကြရ​အောင်​"

စားစရာချ​ပေးတုန်း​ပြောလာသူက လှလှပပ အသိုင်းအဝိုင်းကြီးထဲကဖြစ်​နိုင်​တဲ့မိန်းက​လေးတစ်​​ယောက်

ယောင်​ယမ်းကာအ​ရှေ့ကြည့်​မိတဲ့အခါမှ အ​ပြောခံရတဲ့သူက အရမ်းကိုflawless ဖြစ်​​နေတဲ့​ယောက်ျား​လေးတစ်​​ယောက်

ကြည့်​​နေတုန်းမှာသူ​ပြောလိုက်​တဲ့စကားက

မိန်းက​လေးတင်​မက ​ဘေးကကိုယ့်​ကိုပါအံသြသွား​စေရဲ့

"Sorry Chae လက်​ထပ်​ရမဲ့အထိအ​ခြေအ​နေမျိုးကိုယ်​တို့မ​ရောက်​​သေးဘူးထင်​တယ်​ ပြီး​တော့တခါမှလဲလက်​ထပ်​ဖို့ကိုယ်​မ​တွေးမိ​သေးဘူး 24ဆိုတဲ့ကိုယ့်​အသက်​ကလွတ်​လွတ်​လပ်​လပ်​​နေခွင့်​ရှိ​သေးတယ်​မလား?"

24ကလွတ်​လပ်​စွာ​နေရဦးမှာတဲ့လား

ဟား... အ​​ခြေအ​နေကွာခြားပုံများ

ဘဝမှာပထမဆုံးတပါးသူနဲ့နှိုင်းယှဉ်​မိခဲ့ခြင်းသာ

စားစရာချပြီးပြန်​ထွက်​လာ​ခဲ့တဲ့အထိဘာမှမထူးခြား​သေးဘူး ထူးခြားတာက ဆိုင်​ပိတ်​ချိန်​. . .

ဆိုင်​တံခါးကို​နောက်​လှည့်​ပိတ်​​နေတုန်းလက်​​မောင်းသားကိုလာကိုင်​တဲ့ ​ယောက်ျား​လေးတစ်​​ယောက်​ အတိအကျ​ပြောရမယ်​ဆို ​ခုနကလက်​ထပ်​ခွင့်​ငြင်းလိုက်​တဲ့​ကောင်​​လေး

"ကျွန်​​တော်​တို့တွဲကြမလား"

ထိုစကားကြားပြီးအံသြမိသူကကျွန်​​တော်

သို့​သော်​ ဟန်​မပျက်

"ငါ့ကိုသိလို့လား ငါက​တော့​မင်းကိုဒီ​နေ့မှမြင်​ဖူးတယ်​လို့ထင်​တာပဲ"
"ဒါ​ပေါ့ဒီ​နေ့မှ​တွေ့ကြတာပါ ကျွန်​​တော်​တို့က"
"ဒါဆိုတွဲကြမယ်​ဆိုတာက?"
"B to B ​တွေ​ခေတ်​စား​နေ​တော့ဘယ်​သူ့အတွက်​မှလဲမနစ်​နာဘူး မဖြစ်​မ​နေလက်​ထပ်​ယူစရာလဲမလိုဘူး လွတ်​လပ်​စွာဆက်​ဆံချင်​တာလဲဆက်​ဆံလို့ရမယ်​ထင်​လို့ တွဲ့ကြည့်​ရ​အောင်​"
"ဘာလို့ငါလဲ? မင်းပတ်​ဝန်းကျင်​မှာမင်းလိုစိတ်​ဝင်​စားတဲ့သူရှိမှာပါ​ကောင်​​လေး"
"တစ်​လ. . . တစ်​လ​လောက်​ဖြစ်​ဖြစ်​တွဲကြည့်​ကြမလား?"
"Sex ကိစ္စရှိမှာလား"
"မရှိဘူးအာမမခံသလို ရှိမယ်​လဲမ​သေချာဘူး နှစ်​​​ယောက်​လုံးစိတ်​အ​ခြေအ​နေအရ​ပေါ့"

ကျွန်​​တော်​လက်​ခံသင့်​တယ်​မလား သူငယ်​ချင်းမရှိ အချစ်​မရှိ လွတ်​လပ်​​ပျော်​ရွှင်​မှုမရှိတဲ့ကျွန်​​တော့်​အတွက်​ သူငယ်​ချင်းတစ်​​ယောက်​ရှိလာတာလို့သ​ဘောထားလို့ရတာပဲ​လေ

"Ok!ဒီ​နေ့ကစလိုက်​ရ​အောင်​"

သတ်​မှတ်​လိုက်​တဲ့ရက်​က December 31

. . .ဖတ်​မဲ့သူမရှိ​တော့တိုတို​လေးပဲ ၃​ယောက်​ဖတ်​တာ​တွေ့​တော့အရမ်းကို​ပျော်​မိပါရဲ့ စ​ရေးတဲ့fic​လေးမို့ အမှားအမှန်​သည်ူခံ​ပေးကြပါလို့

#Chaewon

Lead Or Villain Where stories live. Discover now