🌷Part 1🌷

138 16 1
                                    


"ကိုကိုရက်​စက်​တယ်​...အရမ်းရက်​စက်​တာပဲ ကျွန်​​တော့်​အတွက်​ ပြန်​စဉ်းစား​ပေးဖို့စိတ်​ကူး နည်းနည်း​လေး​တောင်​မှ မရှိ​တော့ဘူးလား..."

နောက်​ဆုံး​တော့ သူ​ပြောလာခဲ့ပီ...လမ်းခွဲ​ပေးဖို့စကား

"က​လေးရယ်​ အရာအားလုံး ပီးဆုံးသွားပီ..."

"မပီးဆုံး​သေးဘူးကိုကို ဟင့်​အင်း...မပီးဆုံး​သေးဘူး ကျွန်​​တော်​ကိုကို့ ကိုချစ်​​နေ​သေးတယ်​ ကိုကို့ ကို​ပေးဖို့အချစ်​​တွေအများကြီးကျန်​​သေးတယ်​..."

နှလုံးသားတခုလုံး​ခြေမွထားသလို ကျွန်​​တော်​နာကျင်​စွာ ခံစား​နေရသည်​...သူ..သူ​ဘာ​ကြောင့်​များ​ ပြောင်းလဲရက်​တာလဲ...?

"ကျစ်​..."

သူ...သူကျွန်​​တော့်​ကို စုတ်​သတ်​လိုက်​သည်​လား...သူကျွန်​​တော့်​ကို အဲ့​လောက်​​တောင်​ စိတ်​ပျက်​​နေပီလား...

"ကိုကို....!"

"က​လေးနားမလည်​​သေးဘူးလား...ကိုကို​လေးနဲ့မတွဲချင်​​တော့ဘူး..."

"•••••••"

"ကိုကို့မှာက​လေးထက်​ ချစ်​ရမယ့်​သူရှိ​နေပီ​လေ"

သိ​နေခဲ့တာကြာပါပီ ​ပြောလာခဲ့ရင်​လဲခံနိုင်​ရည်​ရှိ​အောင်​ ပြင်​ဆင်​ခဲ့ပါသည်​ တ​နေ့​နေ့မှာဒီလိုဖြစ်​လာမယ်​ဆိုတာ...
ဒါ​ပေမယ့်​ ဒီလိုနာကျင်​ရမှန်းမ​တွေးမိခဲ့..

"ဒါဆို သူကဘယ်​သူလဲ သူကကျွန်​​တော့်​ထက်​ သာ​နေလို့လား...?ကျွန်​​တော့်​ထက်​အချစ်​​တွေ ပို​ပေးနိုင်​လို့လား..?ကိုကို့ ကို​ပျော်​ရွှင်​​စေလို့လား....?"

မျက်​နှာ​ပြောင်​နဲ့ ​မေး​နေမိသည်​...မျက်​ရည်​​တွေကလဲ အလိုက်​မသိဝဲတက်​လာသည်​...ဒီထက်​လဲရှုံးမပြချင်​..

"အင်း...Tae က က​လေးထက်​အရာရာသာတယ်​ က​လေးမ​ပေးနိုင်​တဲ့​ပျော်​ရွှင်​မှုမျိုး ကိုကို့ ကို​ပေးနိုင်​တယ်​ ကိုကို Tae ကိုချစ်​တယ်​..."

အော်​...Tae တဲ့လား...ဟက်​..ဟုတ်​မှာပါ..ကျွန်​​တော်​မ​ပေးနိုင်​တဲ့ အချစ်​​တွေကို သူက​ပေးနိုင်​တယ်​တဲ့လား...

D I S S O N A N TWhere stories live. Discover now