The Love(1)

16 5 6
                                    

မှောင်​မည်း​နေ​သောအခန်းထဲသို့ Yeolတစ်​​ယောက်​ ​ခြေသံဖွဖွနင်းကာ ဝင်​လိုက်​သည်​။

ဝါကျင့်​ကျင့်​အခန်းမီးမှိန်​မှိန်​​လေးကိုထွန်းလိုက်​ကာ ကုတင်​​ပေါ်တွင်​ အိပ်​​ပျော်​​နေ​သော သူ့ရဲ့ အသစ်​စက်​စက်​ ​ယောက်ျား​လေးBaekထံသို့ တိုးကပ်​သွားလိုက်​သည်​။

အချိန်​အားဖြင့်​ မနက်​၂နာရီခွဲ။
ညက သူတို့ရဲ့ မင်္ဂလာ ညစာစားပွဲအပြီးမှာ မပြီးနိင်​​သေး​သော Kaiနဲ့ Sehunကို လိုက်​ပြုစုရသည်​...
သ​ကောင့်​သား​တွေ ရစ်​​နေသဖြင့်​ ခုမှသူပြန်​လာနိင်​ခြင်းဖြစ်​သည်​။

စိတ်​​ကောက်​ကာ အိပ်​​ပျော်​သွားဟန်​တူ​သော Baekက စွပ်​ကျယ်​ချို င်းပြတ်​ အဖြူ ​လေးနဲ့ ​ဘောင်းဘီ တိုအဖြူ ​လေးကိုဝတ်​ကာ ဖက်​လုံးကို တ​စောင်းခွလျက်​ နှုတ်​ခမ်းခပ်​စူစူအ​နေအထားဖြင့်​ အိပ်​​ပျော်​​နေသည်​။

"Yrrrr...စိတ်​​ကောက်​သွားပြီနဲ့တူတယ်​..."

ခေါင်းကို တဗြင်းဗြင်းကုတ်​လိုက်​ရင်း Yeol တစ်​​ယောက်​Baek​နောက်​မှ အသာ​လေးဝင်​လှဲလိုက်​သည်​။

အိပ်​​မောကျ​နေတာကိုနှိုးလို့မဖြစ်​။ Baekက အဲ့လိုအချိန်​ဆို သိပ်​​ဒေါသကြီးတတ်​တာ....
အခုစိတ်​​ကောက်​​နေတာနဲ့ ​ဒေါသနဲ့သာ​ပေါင်းလို့က​တော့😞😞

ကိုယ့်​အ​တွေးနဲ့ကိုယ်​ ​ခေါင်းကိုတစ်​ချက်​ယမ်းလိုက်​သည်။
Baekရဲ့နဖူး​လေးအား ခပ်​သာသာ​လေး တစ်​ချက်​နမ်းလိုက်​ပြီး ​ကိုယ်​လုံး​လေးအား​နောက်​က​နေအသာဖက်​ကာ မျက်​ဝန်း​တို့အား ​မှေးမှိတ်​လိုက်​သည်​။

"Yeol​ရေ...မင်းရဲ့ မင်္ဂလာဦး ည​လေးက​တော့ သွားပြီး...
ခံလိုက်​..ကိုယ့်​အပြစ်​နဲ့ကိုယ်​ပဲ...."

############################

"ဗြန်း....."

"အား..​သေပါပြီ ​အေးလိုက်​တာ"

မျက်​နှာ​ပေါ်ကျ​ရောက်​လာ​သော ​အေးစက်​စက်​အထိအ​တွေ့​တွေ​ကြောင့်​ Yeolကမူးရှူးထိုးနဲ့ ထထိုင်​လိုက်​သည်​။

မျက်​လုံး တို့အားမဖွင့်​ချင်​ ဖွင့်​ချင်​ ဖွင့်​ကြည့်​လိုက်​​တော့...

The LoveWhere stories live. Discover now