နံနက်စာ စားပြီးတဲ့နောက်မှာတော့ Yeolတစ်ယောက်က ပန်းကန်တွေတိုက်ချွတ်ဆေးကြောနေရပြီး Baby Baekကတော့ TVထိုင်ကြည့်နေလေရဲ့....။
"Babyလေး...ကိုယ့်ပူတူးတူးလေး
Mwach..😘😘"ခပ်ချွဲချွဲ လေသံနဲ့အတူ Yeolတယောက် Baekကို နောက်မှသိုင်းဖက်ကာ Baekရဲ့ ပါးကလေးကို ဖျက်ကနဲ နမ်းလိုက်သည်။
"အာ...ကိုကို လာဒီမှာ ဇာတ်လမ်းတွဲအရမ်းကောင်းတယ်"
Baekက ပုခုံးမှ Yeolရဲ့လက်ကိုဖယ်ချကာ သူ့အနားကို လာထိုင်ဖို့ ခေါ်လိုက်သည်။
Yeolက Baekရဲ့ ခါးကလေးကို သိုင်းဖက်ကာ ဘေးမှာဝင်ထိုင်လိုက်ရင်း...
"Babyကလည်းကွာ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို ဘာလို့ဖြုန်းတီးနေမှာလည်း...
အဲ့ကားကိုကြည့်မနေစမ်းပါနဲ့""Yrrr...ကိုကိုနော် Babyဒီ Rich Manကားလေးကို ဘယ်လောက်ကြည့်ချင်နေလဲဆိုတာသိရဲ့သားနဲ့..
အဲ့ကားထဲက မင်းသား Kim Jun Myeonကို ဘယ်လောက်သဘောကျလည်း ဆိုတာ သိသားနဲ့"နှုတ်ခမ်းလေးစူကာပြောလိုက်သော Baekစကားကြောင့် Yeolတစ်ယောက် မချင့်မရဲ ဖြစ်သွားကာ
"Yrrrr..Byun Baekhyun
ကိုကိုနဲ့ အဲ့မင်းသား ဘယ်သူ့ကို ပိုသဘောကျလည်း😏"ကိုအူတိုကြီး စိတ်ကောက်သွားပြီဆိုတာကိုသိလိုက်တော့ Baekတစ်ယောက် ချော့ဖို့ပြင်ရတော့သည်။
"ကိုကို့ကို ပိုသဘောကျတာပေါ့၊ကိုကို့ကို ပိုချစ်တာပေါ့ ကိုကိုရဲ့"
စူပုတ်နေသော Yeolရဲ့ မျက်နှာကြီးကာ ပါးနှစ်ဖက်လက်ဖဝါးဖြင့်အုပ်ကာ ပြောလိုက်သော Baekစကားကြောင့် ချက်ချင်း ချို အီသွားတော့သည်။
"Babyလေး ကိုကို့ကို ချစ်လား..."
Yeolရဲ့အမေးကို Baekက ချက်ချင်း မဖြေသေးဘဲ ပါးစပ်လေးကိုဟကာ မျက်လုံး ကိုအပေါ်လှန်ကြည့်ရင်း ပြုံးစိစိ နဲ့ စဉ်းစားနေသယောင်ပြုပြီးမှ...
YOU ARE READING
The Love
Fanfictionပထမဆုံး Fanfictionလေးပါ... Chanbaekက အရမ်းလိုက်ဖက်တဲ့ အတွဲလို့ထင်တာကြောင့် ကိုယ့်ရဲ့ပထမဆုံးstoryလေးကို Chanbaekနဲ့ စတင်လိုက်ပါတယ်😍