You made me feel

1.6K 107 3
                                    

Lisaကလည်းပါးစပ်​က "jennie"ဆိုတဲ့စကားလုံးတစ်​လုံးသာထွက်​လာပြီး ​ကြောင်​ရပ်​​နေမိသည်​။ ပြီး​တော့......

Lisa's pov:
"Ahh jennie kim..ငါ့ကိုတကယ်​စိတ်​မထိန်းနိုင်​​အောင်​လုပ်​​နေတာပဲ"

Lisaကသူမလက်​ဖဝါး​အောက်​​ရောက်​​နေတဲ့ Jennieရဲ့လက်​​ချောင်း​သေး​သေး​လေး​တွေကိုဆွဲပြီး ​​နောက်​လက်​တစ်​ဖက်​ကသူမကိုယ်​လုံး​လေးကို​ပွေ့ကာ Jennieကိုရင်​ခွင်​ထဲဆွဲသွင်းလိုက်​သည်​။ ပြီး​​တော့ Jenရဲ့နှုတ်​ခမ်းပါးပါး​လေး​တွေ​တွေ​ပေါ်မှာသူမနှုတ်​ခမ်းကို​နေရာယူလိုက်​ပြီးညင်​သာစွာနမ်းရှိုက်​လိုက်​သည်​။

Jennieလည်းရုတ်​တရက်​ဘာလုပ်​ရမှန်းမသိပဲ၊ Lisaလုပ်​သမျှငြိမ်​ခံ​နေမိသည်​။ သူမတစ်​ခုသိသည်​က Lisaရဲ့အနမ်း​လေးဟာအရမ်းချိုမြိန်​တယ်​ဆိုတာပါပဲ။

"ဝုန်း"...... အရှိန်​တစ်​ခုဖြင့်​အတွန်းခံလိုက်​ရခြင်း​ကြောင့်​ Lisaတစ်​​ယောက်​အ​နောက်​က​ကြောင်​အိမ်​နဲ့​ခေါင်းနဲ့​ဆောင့်​မိသွားပြီး အ​တော်​အီစိမ့်​သွားသည်​။ တရားခံက​တော့​ပြောစရာမလိုပဲ Jennie kimဆိုတာသိပြီးသား​နေမှာပါ။

"နင်​....နင်​အခုချက်​ချင်းငါ့အိမ်​ကထွက်​သွား" JennieကLisaကို​​ဒေါသတကြီး​အော်​​ပြောလိုက်​သည်​။

Lisaလည်းဘာမှ​ဖြေရှင်းချက်​​ပေးမ​​နေ​တော့ပဲ သူမကင်​ထားတဲ့ barbecue​ကိုပန်းကန်​ထဲထည့်​ကာ၊ ​ Jennieအိမ်​ထဲက​နေချက်​ချင်းထွက်​သွားလိုက်​သည်​။

"Mianhae....jennie"

Jennie's pov:

Lisaထွက်​သွားပြီး​နောက်​မှသူမကိုယ်​လုံးကပိုအားယုတ်​လာတယ်​ဟုထင်​ရ​သော​ကြောင့်​ ခုံတစ်​လုံးယူပြီးဆွဲထိုင်​ကာ ခုံ​ပေါ်မှာရှိတဲ့အ​ငွေ့တ​ထောင်း​ထောင်းထ​နေတဲ့ barbecueကိုပဲမျက်​​တောင်​မခပ်​တမ်းစိုက်​ကြည့်​​နေမိသည်​။

သူမရင်​ဘတ်​ထဲမှာအမျိုးအမည်​မသိတဲ့ခံစားချက်​တစ်​ခုကိုခံစား​နေရတယ်​၊ Jennieကသူ့လက်​ကိုရင်​ဘတ်​​ပေါ်တင်​ကြည့်​မိတဲ့သကာလ သူမဖြတ်​သန်းခဲ့တဲ့ 22နှစ်​လုံးမှာပထမဆုံးခံစားဖူးတဲ့ ရင်​ခုန်​ခြင်းဆိုတဲ့အရာကိုသိလာခဲ့တယ်​။

A SUDDEN VISITOR(hiatus)Where stories live. Discover now