Episode 1

4K 349 27
                                    

Time       . . 2:35PM
Date        . . Sunday
Location. . Lucky Cafè

" Byun Baek Hyun ပါ
ရှင်းဒုံတက္ကသိုလ် မှာ
အနုပညာမေဂျာယူထားပါတယ် "

" ကျွန်မက rison
သူကညီမလေး kira "

ကိုရီးယားဂျပန်ဖက်စပ်လေးတွေ
ဖြစ်ကြတာမို့ မျက်နှာပေါက်ကိုက
ကိုရီးယားဘက်သိပ်မရောက်ပဲ
ဂျပန်မလေးတွေလိုပင်..
ကျနေတဲ့ဆံနွယ်တစ်စကိုနားထဲ
သပ်တင်လိုက်တဲ့risonပုံလေးက
Baekhyunမျက်လုံးက
ခုချိန်ထိမထွက်သေးပေ

" ဟုတ်ကဲ့
တွေ့ရတာဝမ်းသာပါတယ် "

Risonဆိုတဲ့ကောင်မလေး..
သူနဲ့အပြင်မှာတွေ့နိုင်ဖို့အတွက်
အခါခါအိမ်မက်ခဲ့ရတယ်..
သူ့သူငယ်ချင်းအကူအညီကြောင့်
ကျတော့်ကိုမသိပဲ
Blind dateလုပ်ဖို့လက်ခံခဲ့ပေမဲ့
ကျတော်ကတော့ သူမကို
အနှစ်နှစ်အလလ
စောင့်မျှော်ကြည့်ခဲ့ရတာ..
သူ့ကိုတစ်ဖက်သတ်ချစ်နေတာ
ဒီနေ့နဲ့ဆို
တစ်နှစ်တင်းတင်းပြည့်ရောပေါ့

" နှစ်ယောက်လုံးက
ချောကြတယ်နော် "

အတွေးထဲနစ်မျောနေတုန်း
ဘေးနားကထွက်ပေါ်လာတဲ့
အသံကြောင့် တွေးမိနေတာတွေ
ပျောက်ရှကာ
မျက်မှောင်တစ်ဆစ်ချိုး
ကျုံ့လိုက်မိ၏

" ဟုတ်..ကျေးဇူး "

" မလိုပါဖူး ကိုယ်တို့တွေက
အခုအသိတွေဖြစ်သွားပြီပဲကို "

ကိုယ်ကိုယ်တိုင်က
မိန်းကလေးတွေနဲ့ပတ်သက်လျှင်
ဘယ်လိုဆက်ဆံပြောဆိုရမှန်း
မသိပေမဲ့
ဘေးကတစ်ယောက်ကတော့
ဒူးလးတနှံ့နှံ့နဲ့အေးရာအေးကြောင်း
စကားတွေ
ဖောဖောသီသီပြောနေတယ်

" ဒါနဲ့ရှင်က "

Risonဘက်ကအမေးစကား
စလာတော့

" ကျတော်က Byun Chan Yeol "

ခပ်စစပြောရင်း
ကျတော်တောင်မမျှော်လင့်ခဲ့တဲ့
Risonဆီကလက်ကိုင်ခွင့်ကို
အရယူသွားတဲ့ ထိုလူကြောင့်
စားပွဲအောက်မှာရှိနေတဲ့
ကျတော့်လက်များကို
ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်မိသည်

ဒီလူ အတန်တန်မှာထားခဲ့ရဲ့သားနဲ့!

" ဒါဆိုရှင်တို့နှစ်ယောက်က "

I Hate You Bro!Where stories live. Discover now