-ကျွန်တော် ဒီနေ့အပြန်နောက်ကျမယ် ဂျီမင်အပြင်သွားချင်ရင်သွား
ဆိုဖာပေါ်မှာ မုန့်စားနေသော ကျွန်တော့်ကိုတစ်ချက်မကြည့်ဘဲ သူက အင်္ကျီကြယ်သီးတပ်နေသည်
-အကိုဒီနေ့studioကို မလိုက်ရဘူးလား
လက်ထဲက ပေါင်မုန့်တွေကို ပန်းကန်ထဲချလိုက်ရင်းသူ့ကိုလှမ်းကြည့်လိုက်သည်
-အင်း အလုပ်များမှာ ဂျီမင့်ကိုကြည့်နေနိုင်မှာမဟုတ်ဘူး
စားပွဲပေါ်က camera ကိုအိတ်ထဲထည့်ရင်း သူ့ခြေလှမ်းတွေက တံခါးဆီသို့ဦးတည်နေသည်
-ဂျောင်ကု...အကိုစိတ်ကောက်နေတာနော်
သူကတစ်ချက်လှည့်ကြည့်သည် ထို့နောက်
မျက်မှောင်ကြုတ်လျှက်-ကျွန်တော့်ကိုပင်ပန်းအောင်လုပ်နေတာပဲ ဂျီမင်
ကော်ဖီခွက်ကို စားပွဲပေါ်ချရင်း သူ့ကိုစိုက်ကြည့်လိုက်သည်
-မင်းကလဲ ကိုယ်ချင်းမစာတတ်တဲ့လူပဲ ဂျောင်ကု
ထို့နောက် ရေချိုးခန်းထဲကို စောင့်အောင့်ပြီးဝင်လိုက်ကာ တံခါးကိုပဲ ဒုံးခနဲပိတ်ပစ်လိုက်သည်
သောက်ကျိုးနည်း ချစ်ဖို့ကောင်းတဲ့ချစ်သူ
A Quiet Heart
-ဂျီမင် ဒီနေ့ studio ကိုမလိုက်လာဘူးလား
အကိုဟိုဆော့က ကျွန်တော့်ကို ph ဆက်မေးနေခြင်းပင်
-ဟုတ်တယ် အကို ဂျောင်ကုနဲ့စိတ်ကောက်ပြီး နေခဲ့တာ
ထိုအခါ အကိုဟိုဆော့က ရယ်သည်
-ကလေးတွေလဲ မဟုတ်တော့ဘဲနဲ့ ဂျီမင်ရယ်
အဲ့လိုဆိုတော့ စိတ်ညစ်နေတယ်ပေါ့သူက စသလိုလို နောက်သလိုလိုနဲ့ပြောတယ်
-ကလေးတွေမဟုတ်တော့လို့ပေါ့ အကိုရယ်
သက်ပြင်းရှည်ကြီးသာ ချလိုက်မိသည်
-ဟုတ်ပြီလေ ဒါဆို ကိုလာခေါ်မယ် ကို ဂျီမင့်ကိုပျော်အောင်လုပ်ပေးမယ် ဘယ်လိုလဲ