INYB , Five

5.1K 630 8
                                    

ကျောင်းသားတစ်​​ယောက်​စနှစ်​​ယောက်​စသာ
ရှိ​သော ကား​ပေါ်တွင်​ ​ဘေးထိုင်​ခုံ အလွတ်​ကို
ခဏခဏ ​စောင်းကြည့်​မိ​နေ​တော့ ဘတ်​ ဟျွန်း
ကိုယ့်​ကိုကိုယ်​ ​ဒေါသထွက်​လာသည်​ ။

အ​ကြောင်းမူကား ..
ရှင်းရှင်းလင်းလင်း ​ပြောရလျှင်​ ပတ်​ ချန်း ​ယောလ်
မရှိ​သော​ကြောင့်​ပင်​ ။

ညဘက်​အိပ်​ယာဝင်​​နောက်​ကျမြဲဖြစ်​​သော ဘတ်​ ဟျွန်း
သည်​ မနက်​မိုးလင်းသည်​နှင့်​ မထချင်​ထကာ
မျက်​လုံးမပွင့်​တစ်​ပွင့်​နှင့်​ ​ကျောင်းလာသည်​က များ၏ ။

ထိုအချိန်​တိုင်း ကား​ပေါ် အိပ်​လိုက်​တက်​​သော
ဘတ်​ဟျွန်းကို အမြဲ ပခုံးငှါးသူကြီးသည်
ပတ်​  ချန်း ​ယောလ်​ ကလွဲ အခြားသူမရှိ ။

တစ်​မိနစ်​ဘဲရရ တစ်​စက္ကန့်​ဘဲရရ နှစ်​နှစ်​ခြိုက်​ခြိုက်
အိပ်​​ပျော်​သွားတက်​သူမို့ ချန်း ​ယောလ်​ က
ဘတ်​ဟျွန်း​ကျောင်းလာချိန်​​စောင့်​ပြီး ​​နောက်​က​နေ
လိုက်​ကြည့်​တက်​သည်​ ။

ဘတ်​ဟျွန်း ကား​ပေါ် အိပ်​​ပျော်​သွားလျှင်
ဘေးနားလာထိုင်​ပြီး ပခုံး​ပေါ် ​ခေါင်းတင်​​ကာ
သက်​သက်​သာသာငိုက်​​​စေသည်​ ။

ဆင်းမဲ့ဂိတ်​​ကျော်​မသွား​အောင်​လည်း သတိ​ပေး
တက်​​သေးသည်​ ။

အခု​​တော့ ဘတ်​ ဟျွန်းမှာ ​ဘေးနား ပတ်​ ချန်း ​ယောလ်
မပါတာနဲ့ဘဲ စိတ်​ချလက်​ချ မအိပ်​ရ ။

" သူ့​ကြောင့်​ ငါမအိပ်​ရတာ "

စိတ်​ထဲအကြိမ်​ကြိမ်​ ​မေတ္တာပို့ရင်း ပတ်​ချန်း​ယောလ်
မွေးမြူ ​ပေးသွား​သော အကျင့်​ကို စိတ်​​တောင်
နာသည်​ ။

လူကိုနာရ​အောင်​ သူနဲ့ကိုယ်​က ဘာမှလဲမဆိုင်​ ။

အခု​တော့ အိပ်​ချင်​​နေတာ​တောင်​ ဘယ်​လိုမှ
စိတ်​မ​ဖြောင့်​၍ မျက်​လုံးပိတ်​မရ​တော့သည့်​အဆုံး
ကျိန်းစက်​နီရဲ​နေ​သော မျက်​လုံးများဖြင့်​ ​ကျောင်းသို့
ရောက်​လာခဲ့သည်​ ။

အခန်းသို့သွားရာလမ်းတစ်​​လျှောက်​တွင်​လည်း
မည်​သည့်​အ​ကြောင်း​ကြောင့်​မှန်းမသိ တစ်​​ယောက်
တည်း​ကြောင်​​တောင်​ဖြစ်​​နေပြီး မနက်​ခင်း၏
အလှအပကို​တောင်​ မခံစားနိုင်​ဘဲ ဘာ​တွေ
စိတ်​အလိုမကျဖြစ်​​နေလဲကို မသိ​တော့ ။

I'm Not Your Baby 😌 [ Complete ]Donde viven las historias. Descúbrelo ahora