Jongin point of view...
"Jongin hyung!! "
Baekတစ်ယောက် jonginကိုမြင်ရတာ ပိုစိတ်မသက်သာဖြစ်မိတယ်....
"Baekhyun... အခြေအနေ က ဘာထူးသေးလဲ???.
မြန်မြန်ပြောပါ Hyung အရမ်းစိုးရိမ်နေလို့ပါ....""hyung... စိတ်အေးအေးထားပါ.. kyungလေး.. ဘာမှမဖြစ်ပါဘူး..."
Baekက စိတ်မပူပါနဲ့ ပြောပေမဲ့ ကျွန်တော် ကလေးမျက်နှာ မမြင်မချင်း.. စိတ်အေးရမှာ မဟုတ်ပေ....
"ဘာမှမဖြစ်ဘူးသာ ပြောတာ ဘာလို့ ဆရာဝန်တွေက ထွက်မလာသေးတာလဲ!! "
Jonginတစ်ယောက် အရမ်းစိတ်တွေ ထွေဗျားနေသောကြောင့်..
Baekhyunကို ပင် အော်မိလေသည်။"Jongin !!!! စိတ်အေးအေး ထားလို့ပြောနေတယ်လေ"
Sehunအော်ပေမဲ့ ကျွန်တော့်စိတ်ထဲ ကလေးကိုသာစိုးရိမ်မိနေတယ်... မျက်နှာပြင်ပေါ်က မျက်ရည်တွေက မသုတ်အားသေး... ကလေးကို မြင်ရဖို့က အဓိကပင်....~~
jongin ကိုကြည့်ရတာနဲ့ပင် ကျန်တဲ့သူတွေအားလုံးတကယ်စိတ်မသက်သာရတာပင်...
သူမှာ အရူးကြီးတစ်ယောက်လို ငိုယိုနေတာပင်....
"Hyung! ဘာမှမဖြစ်ဘူး ကျွန်တော်တို့ပြောတာကိုသာယုံပါ...
သူ ခေါင်းကွဲသွားလို့ လေးချက် ချုပ်ရတာနဲ့.. လက်က အရိုးအပ်သွားလို့ ကျောက်ပတ်တီးကိုင်ရုံလေးပါ.. အခု သူဆေးအရှိန်ကြောင့်မှေးနေတာပါ.."ဘာမှမဖြစ်ဘူးသာပြောပေမဲ့ ခေါင်းလေးချက်ချုပ်ရတာနဲ့ ကျောက်ပတ်တီးကိုင်ရုံနဲ့တင်.. ကျွန်တော့် ရင်ဘက်ထဲက အောင့်တတ်လာမိတယ်... ကလေးလေးတော်တော် နာသွားမှာအမှန်ပင်.....
Luhan ပြောသော်လည်းjonginစိတ်က လုံးဝကို ပုံမှန်မဖြစ်သေးပင်....
"ဆရာဝန်တွေက Check in ဝင်နေလို့ ခဏစောင့်ရတာပါ.. ပြီးရင် ဝင်ကြမယ်လေနော်"
YOU ARE READING
Jong's babyမွှေစိန်Season 1 (Completed)
FanfictionDika_yoai Romance & Funny kim jongin~ ကလေး!!! မင်းလေးကတအားမွှေတယ်နော် ဒါပေမဲ့မွှေတာလေးကိုက ချစ်ဖို့ကောင်းနေတာပါ ကလေးရယ်!!! Do Kyung Soo~ Kyungလေးက ကိုကို ကိုမှမွှေတာမဟုတ်ရပါဘူး...