Epi 17

680 69 18
                                    

Epi - 17

Jiyeonတစ်​ဘဝလုံး​ပျော်​ခဲ့တဲ့ အချိန်​ကိုပြပါဆိုလျှင်​ လွန်​ခဲ့တဲ့တစ်​ပါတ်​ကို​ပြောရမှာပဲဖြစ်​သည်​ . .
လွန်​ခဲ့တဲ့တစ်​ပတ်​အတွင်း jiyeon မထင်​ထားတာ​တွေ အကုန်​ဖြစ်​ခွင့်​ရခဲ့တာ ဘယ်​​တော့မှ မမြင်​ရ​လောက်​ဘူးလို့ထင်​ထားတဲ့ jungie ရဲ့ ​နွေး​ထွေးတဲ့ပုံစံ ကို မြင်​ရုံသာမရ သူမလက်​ခံရရှိခဲ့​သေးတယ်​ . . . Jungie ရဲ့ ​နွေး​ထွေးမှု​တွေနဲ့ ဂရုစိုက်​မှု​တွေ က စက္ကန့်​ပိုင်း​လောက်​ပဲဖြစ်​ပါ​စေ သူမကို ​ပျော်​ရွှင်​​တာထက်​ပိုတဲ့ခံစားမှုမျိုးခံစားရ​စေတယ်​ အဲ့ဒီခံစားမှုမျိုးကထူးဆန်းတယ်​ ဗိုက်​ထဲမှာ လိပ်​ပြာအ​ကောင်​တစ်​ရာ​လောက်​ပျံ​နေသလိုမျိုး ရင်​ထဲတလှပ်​လှပ်​နဲ့ . . . အရူးကြီးလိုပဲ

Eunjung--"park ji"

Jungie ​အသံကျယ်​ကျယ်​နဲ့​ခေါ်လိုက်​မှ jiyeon အ​တွေးစတို့ဖြတ်​ပစ်​ရင်း

Jiyeon--"nae unnie"

Eunjung--"မနက်​ဖြန်​ ည​နေ ​လောက်​ suzy တို့လိုက်​လာလိမ့်​မယ်​ ပီးရင်​ seoul စံအိမ်​​တော်​မှာ ​ပြောင်း​နေရမှာမို့လို့ သိမ်းစရာ​တွေ သိမ်းထားလိုက်

Jiyeon--"ဒါဆို unnie က မနက်​ဖြန်​ကျရင်​ အရင်​ပုံစံအတိုင်း ပြန်​​နေ​တော့မှာ​ပေါ့"

မဟုတ်​ဘူး park ji ရ ငါမနက်​ဖြန်​ နင်​နဲ့ခွဲရ​တော့မှာ . . .

ငါ နင်​နဲ့ မဆက်​သွယ်​​တော့ပဲ​နေမှာ . .
ငါနင့်​ကို ထားရစ်​ခဲ့​တော့မှာ
နင့်​အတွက်​ ငါ့ခံစားချက်​​တွေ အကုန်​လုံးကို မနက်​ဖြန်​မှာ ​မြေမြုပ်​လိုက်​​တော့မှာ

ရင်​ထဲမှာအကျယ်​ကြီး​အော်​​ပြော​နေခဲ့​ပေမဲ့ တကယ်​တမ်း​ပြောဖြစ်​ခဲ့တာက

Eunjung-"သူတို့ကို စံ​အိမ်​​တော်​ကိုပဲလာခိုင်းထားတာ​မို့ ငါတို့ အဲ့ဒီကိုကြိုသွားမယ်​ "

အဲ့ဒီ ​နောက်​ သူ အပြင်​ထွက်​လာခဲ့သည်​ . . .
ကိုယ့်​ကိုကိုယ်​တစ်​ကိုယ်​​ကောင်းဆန်​တတ်​တဲ့ သူဟု အချိန်​ပြည့်​​တွေးထားမိတာ သူ.မသိလိုက်​တဲ့အချိန်​အတွင်းမှာ park ji ဆိုတဲ့ သူမ က သူ့ရင်​ထဲမှာ အပြည့်​အဝ ​နေရာယူပြီသားဖြစ်​​နေသည်​. . . ငယ်​ငယ်​ကတည်းက သူမ နဲ့ပါတ်​သတ်​လာလျှင်​ သူ​ပျော့ညံ့ခဲ့တာ အခုလဲ သူမ​ကြောင့်​ သူနဲ့ နည်းနည်းမှ မအပ်​ဆက်​တဲ့ မျက်​ရည်​​တွေ ကျ​နေပြန်​ဘီ . .

Evil's LoveOù les histoires vivent. Découvrez maintenant