Epi-4
jiyeon's POV
အသက်ရှူဖို့ကြိုးစားလိုက်ပြီးမှ ထိုသို့ကြိုးစားလိုက်မိသည်ကို ချက်ချင်းးးနောင်တရမိသည် ရေတွေ အလုံးအရင်းနှင့် သူမ ပါးစပ်ထဲ ဝင်လာကြပါရောလားးး ချောင်းလည်းဆိုးလို့မရ အန်လည်းးထုတ်လို့မရ နှင့်
သူမ တစ်ကိုယ်လုံးးရေအောက်မှာ မတ်မတ် အနေအထားနှင့် ဆိုင်းမျောနေသည် သတိလက်လွတ် ဖြစ်မသွားသေးတာ ကံကောင်းး အသက်အောင့်၍ တတ်နိုင်သမျှ နှာခေါင်းမှ တစ်ဆင့် ရေ များကို မှုတ်ထုတ်လိုက်မိသည် လေပူစီပေါင်းးတစ်ချို့ ပလုံ စီ၍ လိုက်ပါသွားသည်ငါ. ငါ ရေကူးတတ်တာပဲ ဘာလို့ ရေ နှစ်ခံမှာလဲ
ကြိုးစား၍ လက်နှစ်ဖက်ကို အောက်သို့ယက်သည် ခြေနှစ်ဖက်ကို ခွဲထုတ်၍ ဖားကန် ကန်သည် အခြေအနေက မထူးခြားး အသက်မရှူ ပဲ အောင့်ထားရတာ ကြာနေပြီဖြစ်၍ အဆုတ်က နွမ်းဟိုက်မောလျနေသည် စူးခနဲ နှင့် တစ်ချက်တစ်ချက်ပင် အောင့်ချင်၏ သို့သော် အပေါ်က အလင်းရောင်ကို မြင်ရသေးသည် ဝိုင်းဝိုင်းလင်းလင်းကြီးဖြာကျနေ၏ ဒါနေလုံးကြီးပဲ ဖြစ်မည် သူမ ကြိုးစား၍ ရေထုကို ခွဲတက်သည် ကြိုးစားမှုမှာ မအောင်မြင်ပေ သူမ သတိပင်လစ်ချင်နေပါပြီ
park jiyeon နင်ဘဝက ဒီမှာပဲပြီးပြီ သေရတော့မှာပဲ
အဲ့ဒီခဏမှာ အပေါ်က အလင်းတန်းကို ဖောက်ပြီးး ဗွမ်းဆိုတဲ့ အသံကြီးနဲ့ အတူ အရိပ်တစ်ခု သူမပေါ်ကျရောက်လာပါတယ် သေချာကြည့်လိုက်တော့ လူရိပ်တစ်ရိပ် သူမဘက်သို့ ဦးတည်၍ ကူးခတ်နေသည် တစ်ဖြည်းဖြည်းနီးလာတော့မှာ ဟင် eunjung unnie
သေလောက်အောင် မွန်းကျပ်နေသည့်ကြားမှ သူမ ပြုံးလိုက်မိလေသည် အဲ့ဒီနောက်တော့ အရာအားလုံးဟာ အမှောင်ပကတိ
အဟွတ် အဟွတ် အဟွတ်
လည်ချောင်းထဲ မှ ရေများထွက်ကျလာခြင်းနှင့်အတူ jiji သတိရလာလေသည် ဘေးမှာ eunjung unnie
သူမဆီ ကို jungie လာတာ သူမမှတ်မိပါသည် အခုလည်း jungie က သူမကို စိုးရိမ်သည့်မျက်လုံးတွေ နဲ့ကြည့်နေသည် မဟုတ်မှ unnie သူမက jiji ကိုစိုးရိမ်နေတာလားးEunjung~~ya နင် အဆင်ပြေရဲ့လားး
jiji ပြုံးလိုက်မိသည် unnie က သူမကိုစိုးရိမ်နေခဲ့သည်ပဲ
![](https://img.wattpad.com/cover/91076469-288-k964804.jpg)