Part (17)

10K 529 2
                                    


အောင်စာရင်းထွက်မည့်ည......

ရှိန်းတို့ သူငယ်ချင်းတစ်သိုက်တညလုံး အိပ်မပျော်ပဲ ဆရာတွေ ဆက်မည့် ဖုန်းကို စောင့်မျှော်နေကြသည်။ အောင်စာရင်း ထွက်ထွက်ပြီးချင်း ဆရာတွေက ဖုန်းဆက်မည် ကတိပေးထားသောကြောင့် ရင်ခုန်စွာဖြင့် ဖုန်းကို စောင့်နေကြခြင်း ဖြစ်သည်။ အားလုံးက တစ်နှစ်ပတ်လုံး အကောင်းဆုံးကြိုးစားထားကြပြီး ဖြစ်လို့ အောင်မည်ကို သေချာသိနေလို့ မိမိတို့အမည်နောက်က ဂုဏ်ထူး ဘယ်နှစ်ခုပါမည် ဆိုတာကိုပဲ စိ်တ်လှုပ်ရှားနေကြသည်။ တဖြည်းဖြည်းညနက်ပြီး နောက်တနေ့ ဘက်ကို ကူးပြောင်းလာသည်အထိ မည်သည့်ဆရာမှ ဖုန်းမဆက်သောကြောင့် အားလုံး သွေးပျက်ချင်လာတော့သည်။ စိ်တ်အားငယ်တတ်သော ချစ်ခွန်းက ငိုမဲ့မဲ့နှင့် အရင် ပြောလာသည်။

"ငါ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ရင် သွားပြီ"

ချစ်ခွန်းရဲ့စကားကြောင့် ထက်အောင်က အနားကိုသွားပြီး လက်ကိုကိုင် ထားပေးသည်။ အရာရာကို ကြိုတွေးပြီး စဉ်းစားလွန်တတ်တဲ့ ချစ်ခွန်းလေး။

"အေးစက်နေတာပဲ။ အဲ့လောက်တောင် ကြောက်နေရလား"

"ကြောက်တာပေါ့ ကိုထက်ရာ"

"ဘာမှလျှောက်တွေးမနေနဲ့။ ကြိုးစားရမှာ ကိုယ်တို့တာဝန်၊ ပြီးရင် သူ့ဖာသာ ဖြစ်လာလိမ့််မယ်နော်....စိတ်အေးအေးထား....ဟုတ်ပြီလား။ "

မင်းသွေးကတော့ အခန်းထဲမှာ ရှေ့သွားလိုက်၊ နောက်သွားလိုက်
လုပ်နေသည်။ ထက်အောင်က ပုံမှန်အတိုင်း တည်ငြိမ်စွာပဲ နေနေသည်။ ရှိန်းကတော့ သူတို့တွေရဲ့ အပြုအမူတွေကို ကြည့်ရင်း ရင်ခုန်နေသည်။ ခဏအကြာမှာတော့
ဆရာချစ်ရဲ့ ဖုန်းဝင်လာသည်။

"ငါနားမထောင်ရဲဘူး"

ချစ်ခွန်းက  သူ့ရဲ့နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်။

"ဟယ်လို ဆရာ"

ထက်အောင်ကspeakerကို ဖွင့်လိုက်သည်။

"ထက်အောင်က ဘာသာစုံပါတယ်။ ရှိန်းက ငါးခု အင်္ဂလိပ်မပါဘူး၊ ချစ်ခွန်းက လေးခု ၊မြန်မာရယ် အင်္ဂလိပ်မပါဘူး၊ မင်းသွေးကတော့ ဓာတု၊ ဇီဝပဲပါတယ်။ ငါ့တပည့်တွေအားလုံး တော်တယ် "

မင်းလုပ်သမျှကျေနပ်သည်Where stories live. Discover now