Part (21)

9.3K 519 4
                                    

လမ်းခွဲခြင်း

"ငါတို့ ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင် အာကာ"

ကျောင်းပိတ်ရက်ဖြစ်ပေမယ့် နှလုံးသားနှစ်ခု ပေါင်းဆုံစေခဲ့တဲ့ မြသန္တာဆောင်ရဲ့ ကုက္ကိုပင်အိုအောက်မှာပဲ နှလုံးသားနှစ်ခုက ဝေးကွာစေဖို့ ဒါမှမဟုတ် ရှေ့ဆက်တိုးဖို့ လမ်းနှစ်ခုကြား ဗျာများပြီး နာကျင်နေရသည်။

"ဘာလို့ ရပ်ရမှာလဲ အစ်ကိုရာ"

အာကာ၏ အသံက မာကျောနေသည်။

"ငါ ရှေ့ဆက်ဖို့ အားမရှိဘူး အာကာ။ ရှေ့မတိုးချင်တော့ဘူး..၊ ငါပင်ပန်းနေပြိီ"

နှလုံးသားနဲ့ရင်းပြီးချစ်ရသူအဖို့ လမ်းခွဲစကားစ ပြောရတာ အနာကျင်ရဆုံးပါပဲ။

"ရှေ့အနာဂတ်က ကြမ်းတမ်းလည်း...အစ်ကို ညီ့လက်ကိုသာ မြဲအောင်ကိုင်ထားပါ..နော် အစ်ကို နော် ၊ညီ့လက်ကို မဖြုတ်သွားပါနဲ့"

"ငါ ရှေ့ဆက် မရူးမိုက်ချင် တော့ဘူး အာကာ။ မင်းကို ဆက်ပြီးတွဲဖို့ အားမရှိတော့တာ။ ငါတို့အချစ်က စကတည်းက မှားယွင်းခဲ့တာပဲ။ လူတွေ သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်ပြီး လိင်တူချင်းမကြိုက်ခဲ့သင့်ဘူး။ ပြီးတော့ ငါတို့ နှစ်ယောက်လုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်ကြသေးဘူး။ မိဘလုပ်စာကို ထိုင်စားပြီး မိဘစိတ်ဆင်းရဲအောင် လုပ်နေတာကိုက မှားနေပြီ။"

"ဒါက ရူးမိုက်တာမှမဟုတ်တာ။ ညီနဲ့ အစ်ကိုချစ်ကြတဲ့ အချစ်တွေက စစ်မှန်တယ်ဆိုတာ မိဘတွေ သိအောင် သက်သေပြကြမယ်လေ။ ပြီးတော့ အကိုနဲ့တွေ့မှ ညီ့ဘ၀ အသက်ဝင် လာတာပါ။ ညီ့ကို အမှောင်ထဲ ပစ်ထားခဲ့မလို့လား။ အကို ထွက်သွားရင် ညီ့ဘဝပြိုလဲသွားလိမ့်မယ်။ "

အရာအားလုံးဟာ တိတ်ဆိတ်နေပါသည်။ သူကိုယ့်ကို ဘယ်လောက်ချစ်သလဲ ကိုယ်သိသလို၊ သူဟာ ကိုယ့်အတွက် အရေးပါတယ်ဆိုတာလည်း သူသိမှာပဲ။ ရှိန်း အားတင်းကာ အာကာ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"အစ်ကို ဟိုတခါကပြောခဲ့သလိုပဲ။ ညီက အစ်ကိုမြတ်နိုးရတဲ့ ကြယ်ပွင့်လေး တစ်ပွင့်ပါ။ ကြွေမကျစေချင်ဘူး။ အစ်ကိုမြတ်နိုးတဲ့ အဲ့ကြယ်လေးကို
ကောင်းကင်မှာ ဒီအတိုင်းရှိစေချင်တယ်။ ကိုယ်ကလည်း ဒီအတိုင်းကြည့်ချင်တယ်။ မြေပေါ်ကနေ ဟိုးမိုးမြင့်ထက်က ကြယ်ကလေး လင်းနေတာကို မြင်ရတိုင်း ကိုယ် အရမ်းပျော်မှာ သေချာတယ်။ ကိုယ်...အဲ့လို အေးအေးချမ်းချမ်းပဲ နေသွားချင်တော့တယ်"

မင်းလုပ်သမျှကျေနပ်သည်Where stories live. Discover now