Time skip:::::::::
At kyung soo's house,
D.Opov: အချိန်တွေကုန်တာမြန်လိုက်တာငါဒီနေ့ပညာတော်သင်တောင်သွားရတော့မယ်။
ဒေါက်.....ဒေါက်(တံခါးခေါက်သံ)
D.O mom's: သားရေမိုးချိုးမြန်မြန်ပြင်ဆင်တော့။သားသူငယ်ချင်းတွေလည်းသားကိုလေဆိပ်လိုက်ပို့ဖို့အောက်မှာစောင့်နေတယ်။
D.O: ဟုတ်မေမေ!
D.Opov: ငါတကယ်ပဲပညာတော်သင်သွားရတော့မယ်။ငါပညာတော်သင်မသွားပဲkaiဆီပြန်သွားရမလား။ငါရည်မှန်းချက်ကိုအဆုံးရှုံးမခံနိုင်ဘူး။ငါပညာတော်သင်ကိုပဲသွားရမယ်။ကျွန်တော်လည်းရေမိုးချိုးပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။
Baek: kyung soo မင်းကားတိုက်ခံရတယ်ဆိုအဆင်ပြေရဲ့လား။
D.O: အင်း.....ငါအဆင်ပြေပါတယ်။
Yeol: ငါတို့clubကပြန်တဲ့ညကမင်းကိုလမ်းထိပ်မှာမထားခဲ့ပဲငါတို့မင်းကိုအိမ်ထိပြန်ပို့ပေးသင့်တာကိုငါတို့မပို့ပေးခဲ့လို့မင်းဒီလိုကားတိုက်ခံရတာ!
D.O: ငါကားတိုက်ခံရတာမင်းတို့ကြောင့်မဟုတ်ပါဘူးကွာ!
Hun: ကဲ...အဲဒါတွေထားလိုက်ပါတော့။kyung soo မင်းကားတိုက်ခံရတာမကြာသေးဘူးနော်။ဟိုနိုင်ငံရောက်မှတစ်ခုခုဖြစ်တယ်ဆိုရင်မင်းကိုဘယ်သူမှမကူနိုင်ဘူးနော်။
Lu: အင်းလေ.....kyung soo မင်းကားတိုက်ခံရတာလည်းမကြာသေးဘူး။ဟိုနိုင်ငံရောက်မှတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ။ပညာတော်သင်ကိုမသွားပါနဲ့တော့လား။
D.O: ရတယ်.....ငါဘာမှမဖြစ်ဘူး။ငါအားလုံးအဆင်ပြေတယ်။ငါအတွက်ပညာတော်သင်ဆိုတာတစ်ခါတည်းရမဲ့အခွင့်အရေးငါသွားမှဖြစ်မယ်။
Hun: အေးပါမင်းအဆင်ပြေရင်လည်းပြီးနတာပဲ။ငါတို့ကမင်းကိုစိတ်ပူလို့ပြောတာ!
D.O's mom: သားလေယဉ်ချိန်နီးနေပြီနော်။သွားမယ်ဆိုလည်းသွားတော့လေ!
D.O: ဒါဆိုသားသွားတော့မယ်နော်မေမေ!
Baek: ငါတို့လိုက်ပို့မယ် kyung soo!
D.O: အင်း!
Lu: လာသွားမယ်kyung soo!
D.O: အင်း....သွားစို့!
Baek: ဟာ.....မိုးကလည်းရုတ်တရက်ကြီးရွာချလာပြန်ပြီ။
D.O: ဟင်....မိုးတွေရွာနေပါလား။
Lu: မိုးရွာနေတယ်လေ kyung soo ကားပေါ်မြန်မြန်တက်!
D.O: ငါတစ်စုံတစ်ယောက်ကိုသတိရသွားလို့ပါ။
Yeol: သတိရလည်းနောက်မှရတော့မင်းအဝတ်တွေစိုတော့မယ်ကားပေါ်တက်တော့!
D.O: ဪ.....အင်း။
D.Opov: မိုးရွှာလိုက်တော့kaiကိုတောင်သတိရသွားတယ်။kaiရောအဆင်ပြေမှပြေရဲ့လား။kaiငါကိုအခုလိုက်ရှာနေမလား။ဒါမှမဟုတ်(ကိုယ်မင်းမရှိရင်အသက်မရှင်နိုင်ဘူးsoo)ဟင့်အင်း......kaiသူကိုယ်သူသတ်သေလို့မဖြစ်ဘူး။သူသေလို့မဖြစ်ဘူး။
D.O: Hun အခုကားချက်ချင်းရပ်ပေး!!!
Hun: ဘာဖြစ်လို့လဲ။ဘာကျန်ခဲ့လို့လဲ။
D.O: ကားရပ်ပေးလို့ပြောနေတယ်လေ!!!
Lu: ကားရပ်ပေးလိုက်ပါ hun!!
D.O: ငါ........ငါသွားလိုက်ဦးမယ်!မိုးတွေသည်းကြီးမဲကြီးရွှာနေတာကိုတောင်သတိမထားမိဘဲကျွန်တော်kaiရှိရာသို့ပြေးသွားနေမိသည်။
D.Opov: kaiငါမင်းဆီလာနေပြီ။ငါကိုထားမသွားပါနဲ့နော်kai...........................Part-14 End!!
Thanks for reading!!!😊😊😊😊
YOU ARE READING
Never go back home(Kaisoo yaoi)
RomanceDo kyung soo.........ကျွန်တော်သူကိုအရမ်းကြောက်တယ်။သေမလောက်အောင်ကြောက်တယ်။သူရဲ့အချစ်တွေကိုကျွန်တော်သိပ်ကြောက်တယ်။ Kim jongin...............ငါ မင်းကိုချစ်တယ်။မင်းအချစ်တွေအားလုံးဟာလည်း kim jongin တစ်ယောက်တည်းအတွက်ပဲ...