အကိုမသိပါဘူး
ညီမ အကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာ
အခွင့်ကြုံခဲ့ရင်တော့.....
အကို့ကိုချစ်တဲ့အကြောင်းတွေပြောပြပါအုံးမယ်လေတိမ်တွေကို စကားပြောတတ်ဖို့သင်ပေးနေတယ်အကို ဒါမှ အကို့ကိုချစ်တဲ့အကြောင်းတွေသူတို့ပြောပေးနိုင်မှာ
ဒီနေ့ တိမ်တွေသိပ်လှတယ် အကို
ပြာလဲ့လဲ့တိမ်ပြန့်ကြီးတွေ အဖြူရောင်တိမ်စုလေးတွေ ပုံစံအမျိုးမျိုးနဲ့ အရမ်းကြည့်လို့လှတယ်
ဒါပေမဲ့ အကို့အပြုံးတွေလောက်မလှပခဲ့ဘူးအကိုပျော်အောင်နေပါအကို အကို့ရဲ့ပျော်ရွှင်မှုတွေက ညီမနဲ့ထပ်တူအချိုးကျနေလို့ပါ ........
YOU ARE READING
ကြယ်ကြွေပုံပြင်
Poetryညီမဟာ ကြယ်တစ်စင်းအဖြစ်နဲ့ကြွေခွင့်ရမယ်ဆို အကိုရှိရာအရပ်သို့ကြွေရပါစေသား ကြယ်တွေဟာအရမ်းသနားဖို့ကောင်းတယ်အကို ကောင်းကင်မှာအလင်းလက်ဆုံးတောက်ပနေပေမဲ့ သူတို့ချစ်တဲ့သူရဲ့အဝေးမှာ နေရတာဟာ ကျိန်စာတစ်ခုပါပဲ အကို.......