ကောင်းကင်ကြီးမည်းမှောင်နေလို့
ကြောက်ပါတယ်ဆိုပြီး အော်ငိုနေတဲ့
ဲ့ကြယ်ကလေးတွေ အကိုမြင်ဖူးလားတစ်ယောက်ထဲ အထီးကျန်ပါတယ်ဆိုပြီး
တဖွဖွပြောနေတတ်တဲ့ လမင်းကြီးကိုရော
အကိုမြင်ဖူးလားအမြဲတမ်းအဆင်ပြေ ရယ်မောပျော်ရွှင်နေပေမဲ့
ရင်ထဲမှာ ကြေမွပျက်စီးနေခဲ့တဲ့ ညီမနှလုံးသားကိုရော
အကိုမြင်အောင် ကြိုးစားပြီးကြည့်ပေးခဲ့ဖူးလား
YOU ARE READING
ကြယ်ကြွေပုံပြင်
Poetryညီမဟာ ကြယ်တစ်စင်းအဖြစ်နဲ့ကြွေခွင့်ရမယ်ဆို အကိုရှိရာအရပ်သို့ကြွေရပါစေသား ကြယ်တွေဟာအရမ်းသနားဖို့ကောင်းတယ်အကို ကောင်းကင်မှာအလင်းလက်ဆုံးတောက်ပနေပေမဲ့ သူတို့ချစ်တဲ့သူရဲ့အဝေးမှာ နေရတာဟာ ကျိန်စာတစ်ခုပါပဲ အကို.......