14

3.2K 235 8
                                    

ဇက်ဖာ ဒဏ်ရာများ သက်သာသွားပြီ ဖြစ်သော်လည်း ယခုထိသတိမရသေး...

*ဟေဇီပြောတာတော့ လန့်ဖျားဖျားတာတဲ့..
မဖြစ်သင့်ဘူးလေ တစ်ပတ်တောင်ရှိပြီမလား..
ကိုယ့်ကို ဒီလိုပဲ ပစ်ထားရက်သလား..
ထလာပြီး မုန်းတယ်ဖြစ်ဖြစ် ကြောက်တယ်ဖြစ်ဖြစ်ပြောလိုက်ရင်တောင် ခံသာအုံးမယ်..
ခုတော့ ကုတင်ပေါ်မှာ မလှုပ်မယှက်နဲ့ အိပ်နေရသလား ကလေးရယ်..
ကြာရင် ကိုယ်ရူးတော့မယ်..*

"ဒျူး မင်းလည်းနားအုံးလေ...
ဒီလိုနဲ့ မင်းပါလဲသွားလိမ့်မယ်...
ဒီအချိန်မှာ မပြောသင့်မှန်းသိပေမယ့်
ဒီလအတွင်း မင်းနန်းတက်ပွဲရှိတယ်...
အကြီးအကဲတွေက မင်းကို ရွေးချယ်ကြတာ...
နန်းတက်ပွဲနေ့မှာ ဂေးလ်တို့ မင်းကိုလာဂုဏ်ပြုကြလိမ့်မယ်...
ဇက်ဖာလေးကိုပြုစုဖို့လည်း မင်းအားရှိနေမှဖြစ်မှာ
ခဏလောက်နားလိုက် ငါစောင့်နေပေးမယ်"

ဒျူးငူငူငိုင်ငိုင်နဲ့ ဇက်ဖာ့မျက်နှာလေးကိုသာ စိုက်ကြည့်ရင်း...

"ဟေဇီ ရှေ့လျှောက် ငါ့ကလေးလေးကို ဂရုစိုက်ပေးပါကွာ...
သူ့မှတ်ဥာဏ်ထဲက မင်းပုံစံအစစ်ကိုဖျောက်ပစ်ပြီး သူ့ကိုစောင့်ရှောက်ပေးပါ...
ငါနဲ့ပတ်သက်တာတွေတော့ သူ့ကိုသတိရနေစေချင်တယ်..
သူသတိရလာလို့ ငါ့ကိုမမြင်ချင်ပဲကြောက်နေခဲ့ရင် သူ့ကို သေချာ အဖော်ပြုပေးပါ...
သူ့ကိုနွေးနွေးထွေးထွေးဆက်ဆံပေးပါ...
ယုယကြင်နာပေးပါ...
ကမ္ဘာပေါ်မှာ သူသာ အယုယခံရဆုံး၊ အချစ်ခံရဆုံး၊ ဂရုစိုက်ခံရဆုံး မင်းသားလေးတစ်ပါးဖြစ်ပါစေ...
သူ့ကို ပျော်ရွှင်နေတာပဲ မြင်ချင်တယ်...
ငါတောင်းဆိုတာပါ..."

"မဟုတ်မှလွဲရော မင်း..မင်း..
မဟုတ်ဘူးနော်...
အဲ့လိုမဖြစ်ရဘူး.."

"ငါ့နောက်ဆုံးဆန္ဒပါကွာ...😭"

"မရဘူး...
လုံး ဝ မ ဖြစ် ရ ဘူး
မလုပ်ပါနဲ့ကွာ ငါတောင်းပန်တာပါ...😭"

"ငါ့ကြောင့် ကလေးနာကျင်နေရတာ
ငါမခံစားနိုင်တော့လို့ပါကွာ...😭
တကယ်ဆို ကလေး သတိရသင့်နေပြီ
ဒီလောက်ထိ အိပ်နေစရာမှမလိုတာကွာ...
ငါ... ငါ... ဆုံးဖြတ်ပြီးသွားပြီ😭
ငါ့ကို ကူညီပါကွာ
ငါတောင်းဆိုတာပါ"

"...😭..."

*ငါဘယ်လို လက်ခံနိုင်ပါ့မလဲ ဒျူးရယ်
ငါ့မှာနောက်ဆုံးကျန်တဲ့မိသားစုဆိုလို့ မင်းပဲရှိတာလေ*

ဟေဇီ ပါးစပ်က ပြောမထွက်တာမို့ ခေါင်းသာငြိမ့်လိုက်တယ်
မျက်ရည်တွေတော့ တသွင်သွင်စီးကျနေဆဲ...

"မင်းနဲ့ဆို ငါစိတ်ချပါပြီကွာ 😊"

ဒျူးရဲ့ မျက်ရည်တွေကြားက ပြုံးနေတဲ့ အပြုံးလေး...

"ငါ့မျက်စိရှေ့မှာတော့ မလုပ်ပါနဲ့ကွာ
ငါ မခံစားနိုင်လို့ပါ 😢"

"အင်း "

ဒျူး နောက်ဆုံးအနေနဲ့ ဇက်ဖာ့မျက်နှာလေး မှတ်မိနေအောင်ကြည့်ပြီးမှ နှုတ်ခမ်းထက် အနူးညံ့ဆုံးအနမ်းလေးတစ်ပွင့်ခြွေလိုက်တယ်...

ထို့နောက် အမှတ်တရများစွာ စုပြီး သိမ်းထားသည့် အခန်းလေးသို့...

ဒျူးအခန်းထဲတွင်တော့ ဇက်ဖာလေးက တိတ်ဆိတ်စွာ အိပ်စက်နေပြီး

ဟေဇီ၏ ရင်ဘတ်ကို တစ်ဒုန်းဒုန်းထုကာ ငိုရှိုက်နေသောအသံများက ဆူညံလျက်...

ဒျူး ပန်းချီခန်းရောက်တော့ ဖုံးအုပ်ထားတဲ့ ပိတ်စဖြူတွေအကုန် ဖယ်ရှားစေလိုက်တယ်...

ထို့နောက် ပန်းချီကားထက်တွင် ခြယ်မှုန်းထားသော ကလေးလေးအရွယ်မှ အခုအသက်အရွယ်အထိ ဇက်ဖာ့ပုံရိပ်များအား လက်ဖြင့် လိုက်လံထိတွေ့နေသည်။

မျက်လုံးထဲတွင်လည်း အတိတ်၏ ပျော်ရွှင်စရာ ပုံရိပ်များက အသက်ဝင်စွာ ပြေးလွှားနေလျက်...

ပါးပြင်ထက်က မျက်ရည်စီးကြောင်းလေးကတော့ တသွင်သွင် စီးနေဆဲ...

ရင်ဘတ်ထဲမှ နှလုံးသားလေး တစစကွဲကြေနေသည်မှာလည်း ရစရာပင်မရှိတော့...

"သိပ်ချစ်တယ် ကလေးလေး..."

ထို့နောက် ဒျူး၏ လက်သည်းချွန်ချွန်ရှည်ရှည်များထွက်လာပြီး မိမိဘယ်ဘက်နှလုံးအိမ်ကို ထိုးဖောက်ချလိုက်သည်။

နှလုံးထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ငွေသေတ္တာလေးတစ်လုံးပေါ်လာပြီး အဖုံးလေးပွင့်သွား၏။

ဒျူး အတောက်ပဆုံးအပြုံးတစ်ပွင့်ကို ဖန်ဆင်းလျက်...

"ချစ်တယ် ဇက်ဖာ"

_________________________________

ပြီးပါပြီ 😝

မနေ့ညက နေမကောင်းလို့ မဒိတ်လိုက်ရဘူး...
ဒီနေ့တော့ ဒိတ်ရမှ စိတ်ချမ်းသာနိုင်မယ် 😘
စောင့်ပြီး ဖတ်ရှုပေးကြတဲ့ သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😚💝

ဒါနဲ့လေ MZရေးထားတာ လုံးဝ မကောင်းလို့လားဟင်???
နောက်ပိုင်းတွေ ဖတ်မဲ့သူ သိပ်မရှိတော့သလိုပဲ...
😔😔😔

Ogre's love Where stories live. Discover now