Extra

4.2K 274 16
                                    

"ကလေး...
ကလေး..."

အမောတကော ပြေးဝင်လာသော ချစ်ခင်ပွန်းကြီးကို ဇက်ဖာ မျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ ကိုကိုရဲ့ အလန့်တကြား"

"ပစ္စည်းတွေ သိမ်းစရာရှိတာသိမ်း
မြန်မြန်"

"😳ဘာ...ဘာဖြစ်လို့လဲ ကိုကို
မီးလောင်လို့လား
စစ်ဖြစ်လို့လား"

"ဖွဖွ လွဲပါစေ ဖယ်ပါစေ
မဟုတ်ရပါဘူးကလေးရယ်
ဟေ ဟေဇီ မွေးတော့မယ်
ကိုယ်တို့ နန်းတော်ကို သွားကြမယ်လို့
အာ့ကြောင့် သိမ်းစရာရှိတာသိမ်း
ယူစရာရှိတာယူလို့ ကိုယ့်ကလေးလေးရဲ့"

"😒အာ့ကို ဟေဇီမွေးတော့မယ်
ယူစရာရှိတာယူပြီး ကိုယ်တို့ နန်းတော်ကို သွားကြမယ်လို့ပြောပါလားလို့"

ဇက်ဖာ ပါးစပ်ကလည်းပြောရင်း
မျက်စောင်းကလည်းထိုးရင်း
ပစ္စည်းတွေလည်းထဲ့နေ၏။

"ရပြီ သွားမယ်
လာ ဂီလီ သားသား ပါပါးချီမယ်"

"ပေးအိတ်တွေ ပြီးရင် ကိုယ့်ကိုဖက်ထား"

"😳ဘာလို့ ဖက်ရမှာ"

"ပျံမယ်လေ နို့မို့ဆို မမှီဘူးကလေးရဲ့"

"အင်းပါ အင်းပါ"

ဇက်ဖာတို့ရောက်တော့ ဟေဇီက မီးဖွားခန်းထဲမှာ...

မာတယ်လ်ကတော့ အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။

ခွဲမွေးတာမို့ သမားတော်၏ လျှောက်တင်ချက်ကိုသာ စောင့်ဆိုင်းနေကြသည်။

"အူဝဲ~ အူဝဲ~"

"ဟေဇီမွေးပြီ
အသံကတော့ အောင်ချက် ဟေဇီ့အတိုင်းပဲ"

"သားယောက်ျားလေးပါ အရှင်
နှစ်ယောက်လုံး ကျန်းကျန်းမာမာရှိပါတယ်
ခဏနေရင် ဝင်ကြည့်လို့ရပါပြီ"

"ငါ အဖေဖြစ်ပြီကွ"

ခဏအကြာ ဇက်ဖာတို့ဝင်ကြည့်ကြသည်။

"ပင်ပန်းသွားပြီ ကိုယ့်အသည်းလေး
ကျေးဇူးတင်ပါတယ်
ကြည့်ပါအုံး
ကိုယ်တို့သားလေးကို"

"မပင်ပန်းပါဘူး
ကျွန်တော်တို့ရဲ့ အသွေးအသားလေးလေ"

"ဟေဇီ ကျွန်တော့ကိုပေးချီပါလား"

Ogre's love Where stories live. Discover now