တခါတရံ၌ . .

3.4K 425 45
                                    

'' မင်း. . သေချာလား. . ''

'' သေချာတယ် Chanyeol. . Byun Boramနဲ့
သူ့ကောင်လေး ငါနဲ့လေယာဉ်တခုထဲစီးလာတာ
အခု jaeju မှာ နှစ်ယောက်လုံး ''

သူပါးစောင်ကိုလျှာနဲ့တချက်ထိုးရင်း အခန်းထဲကို
တချက်ငဲ့ကြည့်မိသည်

ဒါဖြင့်ရင် . . .
အခုမင်္ဂလာပွဲမစခင်. . ပြင်ဆင်ဖို့အတွက် . .
အလှပြင်ခန်းထဲမှာ ထိုင်နေတဲ့
သူ့ရဲ့သတို့သမီးဆိုသူက ဘယ်သူပါလိမ့်

လိုလား...... ရှည်ရှည်ဝေးဝေးစဉ်းစားနေဖို့...

Byun Boram ဆိုတဲ့ကလေးမမှာ ရုပ်ချင်းသိပ်တူတဲ့
အမြွှာမောင်တယောက်ရှိတယ်ဆိုတာသာ သူမသိခဲ့ရင်တော့ ...အဖြေကိုအဝေးကြီးမှာလိုက်ရှာဖို့လိုချင်လိုလိမ့်မှာပေါ့

.
.

သူ့အဖေပြောခဲ့တဲ့စကားတွေကိုသတိရတော့
သူခပ်မဲ့မဲ့ပြုံးမိသေးသည်

'' Byun Boram နဲ့ ဟုတ်လား appa မဖြစ်နိုင်တာ
ကျွန်တော် သူ့ကိုမယူနိုင်ဘူး သူလဲကျွန်တော့်ကိုယူမှာ
မဟုတ်ဘူး ''

'' သူ့ဘက်ကဘာပဲဖြစ်ဖြစ် မင်းဘက်ကသဘောတူထား
တာကိုစပြီးမဖျက်ရင်ရပြီ. . Park Chanyeol
အေး မင်္ဂလာပွဲကမင်းကြောင့်သာတခုခုဖြစ်ရင်
ဒီမြေကိုမင်းဘယ်တော့မှခြေချဖို့မစဉ်းစားနဲ့. .''

လုံးဝလုံးဝကိုအားမတန်လို့မာန်လျော့ကာနေခဲ့သည့်
အကြောင်းရင်းတွေထဲမှာ Byun Boram ဆိုတဲ့
ကလေးမက သူ့ရည်းစားကိုထားခဲ့ပြီး Chanyeolကို
လက်ထပ်မှာမဟုတ်ဘူးလို့ယုံတာလဲပါသည်

ဒါပေမယ့် မင်္ဂလာပွဲလုပ်မယ့်နေ့မှာ အလှပြင်တဲ့နေရာထိ
သတို့သမီးရောက်နေပြီဆိုတော့တခုခုလွဲနေလားဆိုကာ
နည်းနည်းစုံစမ်းကြည့်တော့မှ. .

ကောင်းပြီလေ အခုလေ့လာကြည့်တာပေါ့ အမြွှာတွေ
ဘယ်လောက်တောင်တူကြသလဲဆိုတာ

သူခေါင်းတချက်ငဲ့ပြလိုက်တော့ မိတ်ကပ်ပြင်ပေးဖို့
စောင့်နေသည့် လူနှစ်ယောက်ကအလိုက်တသိ
အပြင်ကိုထွက်သွားသည်. .

အခန်းထဲမှာ ကျန်နေခဲ့တာက သူရယ်
မသိရင် အခန်းအလယ်မှာအရုပ်တရုပ်လာချထားသလား
ထင်ရအောင်
မလှုပ်မယှက်ထိုင်နေတဲ့သူ့ရဲ့သတို့သမီးလောင်းရယ်
.
.
.
.
.
.
.
.
.

အချစ်ဖြင့်တဖန်မွေးဖွားခြင်း[[ ChanBaek OTP one shot collection ]]Donde viven las historias. Descúbrelo ahora