ကတုန်ကရင်နှင့် အခန်းက ကုတင်ပေါ် ငုတ်တုတ်
ကြီးထိုင်ရင်း စောစောက Chanyeol ပြောသော
စကားများအား ပြန်ကြားယောင်လေသည် ။" Park Chanyeol က ငါ့ကို
သောက်ခွမ်း .. "ခေါင်းတစ်ခါခါနှင့် ဘယ်လိုမှမဖြစ်နိုင်ဘူးဟု
တွေးနေချိန် အခန်းတံခါး ပွင့်လာသည်မို့
ထိုင်နေရာမှ ဝုန်းခနဲပစ်လှဲပြီး အိပ်ချင်ယောင်
ဆောင်လိုက်သည် ။" အေး .. ငါကမတွေ့လိုက်ဘူးဆိုတော့ .. "
တွေ့ရင်လည်း မသိချင်ယောင်ဆောင်နေတာမဟုတ်ဘဲ
အားအားယားယား ဖော်နေသေးသည် ။" ဖယ် စမ်း Park Chanyeol .. "
အရင်ကတည်းက နှစ်ယောက်အိပ်ကုတင်တွင်
အတူအိပ်နေကြမို့ အခုလည်း Chanyeol ကို
ကျောပေးအိပ်နေသော မဟုတ်ဘူး အိပ်ချင်ယောင်
ဆောင်နေသော Jongdae ဘေးနား သူပါ
ဝင်လှဲပြီး အကျင့်အတိုင်း Chanyeol လက်များက
Jongdae ခါးပေါ် ရောက်လာသည် ။" ဘာလဲအရင်ကလည်း ဒီလိုအိပ်နေကြကို "
" အရင်က အရင် အခုကအခု "
" ဘာဖြစ်တုန်း .. ငါကရည်းစားစကားပြောတာနဲဘဲ
မင်းနဲ့ ခွာရမယ်ပေါ့ .. No ပါကွယ် "ပြောလေ ဆိုးလေ လုပ်နေသည့် Chanyeol မှာ
Jongdae ခါးကို ပိုပြီး တင်းတင်းကျပ်ကျပ်ဖက်ကာ
လည်ပင်းနားထိ နှာခေါင်းတိုးဝင် အသားယူနေသေး
သည် ။ဘယ်လိုဘဲပြောပြော Chanyeol က Jongdae
ထက်လူကောင်းကြီးသဖြင့် အားမမျှဖြစ်ကာ
နည်းနည်းတောင်ရုန်းမရ ။" ငါမနေတက်ဘူး .. ဖယ် Chanyeol "
" ဟင်အင်း .. "
" ဖလက် ဘဲ "
ပြေမရဆိုမရသည့်အဆုံး Jongdae လည်းပါးစပ်
ညောင်းခံထပ်မပြောတော့ဘဲ ကျောပြင်နှင့်ထိကပ်
နေသည့် ရင်ခုန်သံတိုးတိုးကို လိုက်နားထောင်ရင်း
ခဏကြာတော့ အိပ်ပျော်လုဆဲဆဲဖြစ်လာသည် ။
BẠN ĐANG ĐỌC
သောက်ကျိုးနဲ အချစ် 😎
Fanfictionသူနဲ့ ကျတော်တို့ ချစ်ပြီးတဲ့နောက်ပိုင်း လခွမ်းတွေကို ဖြစ်လို့ သောက်ကျိုးနဲ တွေပါဗျာ