သောက်​ကျိုးနဲ ​ရှင်းမရ​တော့ခြင်း 😖

2.2K 360 71
                                    

" ကဲ မင်းတို့နှစ်​​ကောင်​ မ​နေ့က ဖက်​အိပ်​တဲ့
အ​ကြောင်းအရင်းကို ရှင်း "

" အဟွတ်​ .. အဟွတ်​ "

မြင်​သွားရင်​လည်း ​နောက်​မှ​အေး​အေး​ဆေး​ဆေး
မေးတာမဟုတ်​ဘဲ ထမင်းစား​နေတဲ့အချိန်​ကို​တောင်
မ​ရှောင်​ဘဲ ဒဲ့ဒိုးကြီး ထ​မေး​တော့ ​ရေ​သောက်​​နေဆဲ
Jongdae မှာ​ရေသီးကာ​ချောင်းတဟွတ်​ဟွတ်​ဆိုး
တော့သည်​ ။

" အဆင်​​ပြေရဲ့လား Jongdae .. "

မျက်​နှာချင်းဆိုင်​က မျက်​စိ​ဒေါက်​​ထောက်​ ကြည့်​​နေ
သည့်​ နှစ်​​ကောင်​အား ဂရုမစိုက်​အားဘဲ Jongdae
ကျောပြင်​ကို Chanyeol ခပ်​ဖွဖွပွတ်​​ပေးရင်း
စိုးရိမ်​တကြီး​မေး​လေသည်​ ။

Sehun နှင့်​ Jongin မှာ​တော့ ​ရေသီးတာ
လောက်​နဲ့အကြီးအကျယ်​ ကမ္ဘာပျက်​​နေ​သော
Park Chanyeol တစ်​​ယောက်​အား
အင်​မတိအင်​မတန်​မှကို ​သောက်​မြင်​ကပ်​လာသည်​ ။

" ရတယ်​ ငါဘာမှမဖြစ်​ဘူး "

" မင်းတို့ကလည်းငါ့ကို တိုးတိုးတိတ်​တိတ်​​မေးလို့ရရဲ့နဲ့
Jongdae ​ရှေ့ အဲ့စကား​မေး​စရာလား "

အော်​ .. မသိလျှင်​ တကယ်​ဘဲ အတွဲတွေဖြစ်​​နေလို့
သူငယ်​ချင်းများသိသွား​သောအခါ ရှက်​​နေ​သည့်
ချစ်​သူအား မားမားမတ်​မတ်​ကာကွယ်​ပြ​နေ​သော
သူ​ရဲ​ကောင်းကြီး​ပေါ့ ။

သောက်​ကျိုးနဲ အတင်းကို ရို့​နေ​သော
Park Chanyeol ပါ​လေ ။

" Park Chanyeol မင်းလုပ်​မှ တမျိုးထင်​​တော့
မယ်​ "

ဟိုက အထင်​လွဲ​နေတာကို ​ဖြေရှင်း​ပေးမယ်​မကြံဘဲ
ရော​သော​ဖော​သော ​လျှောချ​နေသဖြင့်​ Jongdae
စိတ်​တိုတိုနှင့်​ ထ​အော်​သည်​ ။

" ဘာလဲ မဟုတ်​​သေးဘူးလား "

" ဘာဟုတ်​ရမှာလဲ .. အဲ့အ​ကောင်​ သူ့ကိုယ်​လုံးနဲ့
အနိုင်​ကျင့်​တာ "

" အနိုင်​ကျင့်​တာမဟုတ်​ဘူး အဲ့ဒါ ချစ်​တာ
သိရဲ့လား Kim Jongdae ငတုံးရဲ့ "

" မင်းချစ်​တာနဲ့ဘဲ ငါ့ကို အသားယူသွားတာ​လေ
ခိုး​တောင်​ နမ်း​သေးတယ်​ မဟုတ်​လား "

သောက်​ကျိုးနဲ အချစ်​ 😎Donde viven las historias. Descúbrelo ahora