"အမလေး ....မောလိုက်တာ..."
ဆိုကာ....ကြမ်းပြင်ပေါ်ပစ်လှဲချလိုက်တဲ့သူအား...
Baekhyun နံရံထောင့်မှာမှီကာ...ရေသောက်ရင်း
လှမ်းကြည့်လိုက်သည်။၁လဘဲ အချိန်ရှိတာမို့...အခြေခံပင်မရှိတဲ့သူကို
သင်ပေးနေရတာတကြောင့်.....Schedule
တွေကြောင့်မို့....အားတဲ့ရက်ဖဲ့သင်နေတာကြောင့်ရော...
သူအလုပ်အားတဲ့ဒီရက်ပိုင်းအတွင်း..Baekhyun
အိမ်တောင်မပြန်ဘဲ.....Chanyeol ဆီမှာသာလျှင်
သင်ပေးနေရသည်။Chanyeol က...စကားကိုသာ...
ပေါ့ပေါ့တန်တန် ဆိုတတ်ပေမယ့်....
အလုပ်တခုကိုလုပ်ပြီဆိုရင်
အလေးအနက်ထားပြီးလုပ်တတ်တာကိုလည်း
သိလာရသည်။အ့ဒါမို့လည်း...နှုတ်ခမ်းနီမလေးတွေရဲ့
အသည်းစွဲ....မင်းသားချောPark Chanyeol
ဖြစ်နေရတာကိုး။ဒီရက်ပိုင်း အတွင်း....Chanyeolအိမ်ကို
လာတဲ့မိန်းကလေးတွေက...တယောက်
နှစ်ယောက်မဟုတ်။အကသင်ပေးနေချိန်မှာတော့...ဝင်မနှောင့်ယှက်ဖို့...
Baekhyunရဲ့ အလုပ်ဖြစ်တာမို့လေးစားပေးရန်
တောင်းဆိုထားတာကြောင့်....Chanyeol
အကုန်လုံး ကိုအဆက်အသွယ်ဖြတ်ထားရသည်။သူလည်း အနုပညာသမားမို့....
Baekhyun ကိုနားလည်းပေးနိုင်လို့ထင်။စစတွေ့ချင်းတုန်းက....အချိုးမပြေစွာ....
ရန်စကားဆောင်နေကြပေမယ့်....
အခုတော့အဆင်ပြေနေသည်။Baekhyun က နဂိုတည်းက...စိတ်တိုစရာမရှိရင်
ငြိမ်သက်နေတဲ့ကန်ရေပြင်လိုမျိုးမို့...
ခံနဲ့လာမပေါက်မချင်း....တည်ငြိမ်နေတတ်သူ
ဖြစ်တာကြောင့်ရော....
အလုပ်လုပ်နေချိန်မှာ.....
အရမ်းသဘောကျဖို့ကောင်းသည်။သူ့အလုပ်သူ့ဝါသနာကို...တန်ဖိုးထားတတ်သူမို့
Chanyeol အစတုန်းက...စော်ကားသလိုပြောမိတာ
ကိုပင်နောင်တရသည်။Chanyeol လှဲနေရာကနေ...ကုန်းထကာ....
"Beer အေးအေးလေးသောက်မလား...
Baekhyun...."