UNEXPECTED[Extra]

3.3K 453 24
                                    

"16 ပြွတ်​စ်
17 ပြွတ်​စ်
18ပြွတ်​စ်​..."

အိပ်​ထမတင်​လုပ်​​နေတဲ့Chanyeolအား...
Baekhyun​ခြေ​ထောက်​​တွေကိုဖိ​ပေးထားမိခြင်းဟာ...
မဟာအမှားကြီးသာ။

မဟုတ်​​သေးဘူး။
ကကွက်​မှားလို့....အိပ်​ထမတင်​အခါ ၁၀၀
လုပ်​ခိုင်းမိတာကိုကမှား​နေခြင်းပင်​။

အခု​တော့.....ကိုယ်​​တော်​​ချောကတခါထတိုင်းBaekhyunအား တခါပြွတ်​​နေသည်​။

"Chanyeol ​တော်​​တော့​နော်​..."

ဆိုကာ....မျက်​နှာ​လေးလွှဲလိုက်​​သော်​ငြား....
ပါးပြင်​​လေးအပြွတ်​ခံလိုက်​ရသည်​။

"ရပြီ....20မှာပဲရပ်​လိုက်​ရ​အောင်​..."

ဆိုကာ....​ခြေ​ထောက်​​တွေထိန်း​ပေးထားတဲ့...
လက်​​တွေကိုလွှတ်​လိုက်​​ကာ....မတ်​တပ်​ထရပ်​ဖို့ကြိုးစား​သော်​ငြား....Chanyeolလှမ်းဆွဲတွန်းချမှု​ကြောင့်​...
ကြမ်းပြင်​ထက်​မှာသာ....ပက်​လက်​လန်​သွားရသည်​။

"21ပြွတ်​စ်​...22ပြွတ်​စ်​..."

တကယ်​ကိုပင်​....အရူးလက်​​ရွှေအပ်​မိလိုက်​သလိုပင်​။
Baekhyun ခမျာ သူပြုသမျှနု​နေရကာ...ရုန်း​သော်​ငြား...
မျက်​နှာတခုလုံး...သ​ဘောရှိကို....ခြယ်​လှယ်​​နေ​တော့သည်​။

"Park Chanyeol ​တော်​ပြီဆို!!!!"

Baekhyun ရဲ့ အသံပြဲပြဲ​လေးကြားမှ....
Chanyeol တ​ယောက်​....လွှတ်​​ပေး​တော့သည်​။

"မျက်​နှာတခုလုံးလည်းနီရဲကုန်​ပြီ။"

"ဟား...ဟား..."

"ဘာရယ်​​နေတာလဲ...အရူး​ကောင်​....."

"ငါက ချစ်​လို့​နမ်း​နေတာကိုကွာ..."

ဆိုကာ...နှုတ်​ခမ်းကြီး​ထော်​ရင်းBaekhyunအနားထပ်​ကပ်​လာပြန်​သည်​။

"Park Chanyeol​ရေ.."

>>>>>Unexpected<<<<<

"​Baekhyunee ​လေး...အဟီးးး"

Woojaeရဲ့နှဖူး​ပြောင်​​ပြောင်​အား အားနဲ့​ခေါက်​ချလိုက်​ရင်း...ဘဏ်​ထဲအသစ်​​ရောက်​လာတဲ့ ဝမ်​သိန်း ၁၀၀ ကိုကြည့်​လိုက်​သည်​။

UNEXPECTED Where stories live. Discover now