001_New Body-1

2.6K 142 8
                                    

"ငါဘယ်ရောက်နေတာလဲ"

ထယ်ယောင်းသတိရရချင်း ခေါင်းက ရုတ်တရက်ထိုးကိုက်လာတဲ့ နာကျင်မှုကြောင့် မထသေးဘဲ ခေါင်းကို ကိုင်လိုက်သည်။ ကိုင်လိုက်သော လက်တွင်လည်း ဆေးပိုက်များတပ်ဆင်ထားသည်။
ထို့နောက် ဘေးကို လိုက်လံကြည့်လိုက်တော့ ဆေးအနံနဲ့ ဆေးရုံက အခန်းတစ်ခန်းထဲကို ရောက်နေပုံရသည်။သူနားမလည်တော့ ၊ သူမှတ်မိသလောက်က သူအခန်းထဲမှာ စန္ဒရားတီးနေရင်း သူ့မှာ ရှိတဲ့ မွေးရာပါဦးနှောက်ကင်ဆာက ထဖောက်လာပြီး မေ့သွားတာဖြစ်သည်။ အခုသူ့လှဲနေတဲ့ ခန္ဓာကိုယ်ကလည်း သူ့ကိုယ်သူမဟုတ်သလို ခံစားရတယ်။ဝေခွဲမရခြင်းများစွာနဲ့အတူ ကိုယ်အားပြု ပြီး ထထိုင်လိုက်သည်။ထို့နောက် အခန်းတွင်းသို့ သူနာပြုမလေးတစ်ယောက် ဝင်လာသည်။

"ရှင်တောင် နိုးပြီပဲ...ရှင်သေမလို့ နည်းနည်းပဲ လိုတယ်...ဆေးရုံကို အချိန်မှီရောက်လာလို့သာ..ဒါနဲ့ ဒီမှာ မှန်...လဝက်လောက် ဆေးရုံတက်လိုက်ရတော့ မျက်နှာက ဓားရာတွေက ပျောက်သွားပါပြီ... ရှင့်လိုသရုပ်ဆောင်က မျက်နှာကို ဂရုစိုက်ရမှာပေါ့"

ထယ်ယောင်းနားမလည်များနဲ့အတူ မှန်ကို ကြည့်လိုက်တယ်။ သူအံ့သြသွားတယ် ၊ ၆၀ ရာခိုင်နှုန်းလောက်က သူ့အရင်ရုပ်နဲ့ ဆင်တူပြီး ကျန် ၄၀ ရာခိုင်နှုန်းက သူ့ထက်ချောသည်။ထိုသူနာပြုမလေး ထွက်သွားတော့ သူ့ကိုယ်သူ့အံသြပြီး ပြန်ကြည့်မိသည်။ထို့နောက် သူသိလိုက်သည်။ အခုသူနေနေတာက သူ့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတာပဲ ။


















••••••••••••••••••••

ကျောင်းဖွင့်တော့မှာဆိုတော့ မတင်ဘူးလုပ်မလို့ မေ့သွားမှာစိုးလို့ အရင်ဆုံး intro လာတင်ထားတာ...
နောက်ပိုင်း update တွေကတော့ ဘယ်စီနေမှန်းမသိ

အမှန်တကယ် ထယ်ယောင်းထက် ချောတယ်ဆိုတာ ဇာတ်လမ်းအဆင်ပြေအောင်လို့ပါ အမှန်တော့ ရုပ်က အတူတူပါပဲ...
ဒီမှာက သူတို့က သရုပ်ဆောင်တွေမို့ အချင်းချင်းတွေ့ရင် ရုပ်တူတယ်ဆိုပြီး အဆင်မပြေမှာစိုးလို့ ရုပ်သိပ်မတူဘူးလုပ်ထားတာ...ပြောချင်တာကတော့ ရုပ်က အတူတူပါပဲလို့..

ရှုပ်သွားလားမသိ

New Life & True Love▶▶VKookWhere stories live. Discover now