002_New Body-2

1.4K 137 26
                                    

ထယ်ယောင်းစိတ်ကို စုစည်းပြီး အခြေအနေသုံးသပ်လိုက်သည်။
သူ့အရင်ခန္ဓာကိုယ်က သေပြီး သူက ခန္ဓာကိုယ်အသစ်ကို ရောက်နေတယ်။အခြားသူဆိုရင်တော့ အခုချိန် တုန်လှုပ်နေမည်ဆိုပေမဲ့ သူက အခြေအနေတွေကို ပြန်လည်သုံးသပ်နေသည်။နှလုံးရောဂါပါ ရှိသော သူ့အတွက် အရာရာကို စိတ်အေးအေးနဲ့ ရှင်းနိုင်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ထားပြီးသား ဖြစ်သည်။သူကုတင်မှာ ချိတ်ထားတဲ့ ဆေးရုံကတ်က နာမည်ကို ကြည့်တော့ ဂင်ထယ်ယောင်း ၊ သူနာမည်နှင့် တူသည်။သို့သော် သူအသက် ၂၀ အရွယ် Hollywood မှာ ရုပ်ရှင်သွားရိုက်ကတည်းက သူ့နာမည်ကို ဗီ လို့ ပြောင်းခဲ့တာ ဖြစ်သည်။

သူအခုခန္ဓာကိုယ်အကြောင်းစုံစမ်းရမည်ဖြစ်၍ သူ့ဘေးနားက သူ့ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်က ကွန်ပြူတာကို ထုတ်ယူလိုက်သည်။ အမှတ်တမဲ့နဲ့ စာအုပ်လေးတစ်အုပ်ပါ ထွက်ကျလာသည်။သူကြည့်လိုက်တော့ အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဒိုင်ယာရီ ဖြစ်ပုံပေါ်သည်။နောက်မှ ဖတ်ကြည့်မယ်ဆိုပြီး ကွန်ပြူတာက အချက်အလတ်တွေကိုပဲ အရင်ဆုံးရှာလိုက်သည်။အခုခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တတ်လာတာတွေ ကြည့်လိုက်တာ အရင်ခန္ဓာကိုယ်ပိုင်ရှင်က သရုပ်ဆောင်တစ်ဦးပဲ သို့သော် နာမည်သိပ်မကြီးတဲ့ ကြယ်ပွင့်တစ်ဦး ၊ ထိုသူသရုပ်ဆောင်ထားတာတွေ ကြည့်လိုက်တော့ အရည်အချင်းမဆိုး

အရင်ထယ်ယောင်းလုပ်နေသော entertainment ကို ကြည့်လိုက်တော့ BTS ၊ အချက်အလက်တွေ ရှာလိုက်တော့ ထိုCEOလုပ်ဖြစ်သူက အရင်ကိုယ်ပိုင်ရှင်ကို မျက်မုန်းကျိုးနေပုံပေါ်သည်။သူတို့နှစ်ယောက် ဆုံချိန်တိုင်း အရင်ထယ်ယောင်းအရှက်ကွဲခံရတဲ့ ပုံတွေပဲ ပါလာတယ်။ အရှက်ကွဲခဲ့တာတွေကလည်း တော်တော်ဆိုးဆိုးရွားရွားတွေပဲ ၊ ဒါနဲ့များဘာလို့ အလုပ်မထွက်ရတာလဲလို့ ထယ်ယောင်း အရင်ခန္ဓာကိုယ်ပိုင်ရှင်ကို သွားမေးလိုက်ချင်သည်။ဒါပေမဲ့ ထယ်ယောင်းဒိုင်ယာရီစာအုပ်ကို ဖတ်လိုက်တဲ့ အချိန်မှာတော့ အကုန်လုံးကို နားလည်သွားသည်။

အရင်ခန္ဓာကိုယ်ပိုင်ရှင်ဟာ ထို CEOကို ကြိတ်ချစ်နေခဲ့သည်။ ထို့ကြောင့် ထိုCEOရှိရာထိ လိုက်လံအလုပ်လုပ်ခဲ့သည်။သို့သော် ထိုCEOက အရင်ခန္ဓာကိုယ်ပိုင်ရှင်ကို မည်သည့်နေရာမုန်းနေလဲမသိ ထိုကောင်လေး စရောက်လာကတည်းက ဒုက္ခပေးခဲ့သည်။ ဒုက္ခပေးတာထက် ဥပေက္ခာပြုတာဆိုလျှင် ပိုမှန်မည်။ထိုCEOနှင့် တွဲနေသည်ဟု သတင်းထွက်နေသော သရုပ်ဆောင်ကောင်လေးတစ်ယောက် ၊ နာမည်က ဂျန်မင် ။ ထိုကောင်လေးက သူတို့ entertainment ကတော့ မဟုတ်ဘူး။ ဒါပေမဲ့ အရင်ခန္ဓာကိုယ်ပိုင်ရှင်နဲ့ တွေ့ဆုံတိုင်း မထိတထိပုတ်ခတ်ပြောဆိုတာတို့ လှောင်ပြောင်တာတွေ လုပ်လေ့ရှိတယ်။အရင်ခန္ဓာကိုယ်ပိုင်ရှင်က သူဌေးမျက်နှာကို ထောက်ပြီး ဘာမှ ပြန်မပြောဘူးနဲ့ တူတယ်။လူတွေကလည်း ခေါင်းငုံခံတဲ့ သူရှိရင် ထိုသူကိုပဲ သွားပြောတတ်ကြတယ်ဆိုတဲ့အတိုင်း အချို့်သော လူတွေကလည်း အရင်ကိုယ်ပိုင်ရှင်လေးကိုပဲ အမြဲတစ်စေလှောင်လေ့ရှိသည်။ဂျန်မင် က သူအလုပ်လုပ်နေတဲ့ Shining Star entertainment က CEO ရော ၊ အခုထယ်ယောင်းလုပ်နေတဲ့ BTS entertainment က CEO ရောက သူ့ကျောနောက်မှာ ရှိနေသလိုဖြစ်တဲ့အပြင် အခုတလောနာမည်ကြီးတဲ့ ကြယ်ပွင့်တစ်ပွင့်လည်း ဖြစ်တော့ ဂျန်မင်ဘာလုပ်လုပ် လူတွေက မကောင်းမမြင်ကြဘူး။မြေနိမ့်ရာ လှန်စိုက် ဆိုတဲ့ စကားပုံအတိုင်း အရင်ခန္ဓာကိုယ်ပိုင်ရှင်ကိုကျတော့ လုပ်တဲ့အလုပ်တိုင်း အပြစ်ပြောနေကြတယ်။ဥပမာ ဂျန်မင်က အသက်ကြီးပြီး ချမ်းသာတဲ့ သူဌေးတစ်ယောက်နဲ့ entertainment က ထွက်လာမယ်ဆိုရင် လူတွေက လူကြီးကို ရိုသေပြီး ဧည့်ဝတ်ပျူငှါတဲ့ လူငယ်တစ်ဦးလို့ ထင်ကြေးပေးကြမှာ ဖြစ်ပြီး အရင်ခန္ဓာကိုယ်ပိုင်ရှင်သာ ထိုအတိုင်း လိုက်လုပ်ပါက ပိုင်းလုံးလို့ စကားသံများထွက်လာမည်ဖြစ်သည်။

New Life & True Love▶▶VKookWhere stories live. Discover now