ပထမဆုံးကလဲ့စား၁
••••••••••
ထယ်ယောင်းလည်း ဆေးရုံက ဆင်းလာတာ မကြာသေးလို့ လူက နုံးချိနေတော့ ရေမြန်မြန်ချိုးပြီး အိပ်ယာပေါ်ပစ်လှဲပီး ကလဲ့စားချေဖို့ စဉ်းစားလိုက်တယ်။အစီအစဉ်ချပြီးတာနဲ့အတူ ပင်ပန်းပြီး ထယ်ယောင်းလည်း အိပ်စက်ခြင်းဆီသို့.....။
••••••••••
မနက် ၇ နာရီကျော်တော့ ထယ်ယောင်းနိုးလာတယ်။အရင်ခန္ဓာကိုယ် ကတည်းက စောစောနိုးတတ်တဲ့ အကျင့်ကြောင့် ထယ်ယောင်း ဆက်အိပ်လို့မရ။အဲ့တာနဲ့ သူလည်း ရေချိုးပြင်ဆင်ပြီးတော့ သူ့အိတ်ထဲကို ဖွင့်ကြည့်လိုက်တော့ ထွက်လာတာ over size အင်္ကျီ အများအပြား။ထယ်ယောင်းသက်ပြင်းချလိုက်တယ် ၊ အဲ့တာကြောင့် အရင်ထယ်ယောင်းပုံက ယောက်ျားမဆန်တာ။သူလည်း အရင် ခန္ဓာကိုယ်က နှလုံးရောဂါရှိလို့ over size တွေ ဝတ်ပေမဲ့လည်း အခုအင်္ကျီတွေလောက် မကြီးပေ။သူသင့်တော်မယ့် အင်္ကျီထုတ်လိုက် တာ shirt အဖြူလေး။ဂျင်းအနက်လေးနဲ့ တွဲဝတ်လိုက်တယ်။ဝတ်ပြီး သူ့ကိုယ်သူမှန်ထဲ ကြည့်လိုက်တော့ အင်္ကျီက တော်တော်ကြီးနေသေး တယ်။ဒါပေမဲ့ သူ့ရဲ့ ငွေမှင်ရောင်ဆံနွယ်လေးနဲ့ ပေါင်းဆက်လိုက်တော့ လုံးဝကို နတ်သက်ကြွေလာတဲ့ နတ်တစ်ပါးအလား။
"ဟိုမန်နေဂျာမလေးကို ပညာပေးပြီးသွားမှ ဆံပင်ကို အနက်ပြန်ဆိုးရမယ်"
ထယ်ယောင်း သူ့ဆံပင်သူကိုင်ကြည့်ပြီး ပြောလိုက်တယ်။သူအောက် ဆင်းလာတော့ ယွန်းဂီက မှန်တံခါးနားမှာ ထိုင်ပြီး ကော်ဖီထိုင်သောက် ရင်း သတင်းစာဖတ်နေတယ်။သူ့ကို တွေ့တော့ လှမ်းနှုတ်ဆက်တယ်။
YOU ARE READING
New Life & True Love▶▶VKook
Fanfictionအချစ်စစ်နဲ့ မတွေ့ဘဲ သေဆုံးခဲ့တဲ့ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် ဂင်ထယ်ယောင်း မထင်မှတ်ဘဲ ခန္ဓာကိုယ်တစ်ခုမှာ ပြန်လည်ဝင်စားတဲ့ အချိန်မှာရော အချစ်စစ်နဲ့ တွေ့မလားဆိုတာ................... ကျောင်းတတ်တော့မည်ဖြစ်၍ update ရေရောသလိုကျဲမည်....