စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (36)
"ကီလာတိုင် မင်းတကယ်သွားမှာလား။ သေချာစဉ်းစားဦးနော်...တကိုယ်လုံးမည်းနက်တယ်ဆိုကတည်းက သူတို့လုပ်ကြံဖန်တီးသလို နဂါးကြောင့်မဟုတ်ဘူးဆို မြွေဆိပ်ပဲဖြစ်မယ်။ အရမ်းပြင်းတဲ့မြွေဆိပ်ကိုမိရင် တကိုယ်လုံး မည်းပြီးသေသွားတယ်။"
"အင်း.. မင်းမှာ အဆိပ်ဖြေဆေးရှိတယ်မလား။ ငါ့ကို ပေးထားလေ။ လိုလိုမယ်မယ်ပေါ့.."
ကီလာတိုင်ကို တားမရသဖြင့် ဆူမီရာ အဆိပ်ဖြေဆေးတစ်လုံးပေးကာ လွှတ်လိုက်ရသည်။ ကီလာတိုင်က နန်းတော်ရှေ့မှ စည်ကြီးကို တီးလိုက်စဉ် အမတ်တစ်ဦးထွက်လာပြီး ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးလိုက်သည်။
"မင်းတို့ ဘာလို့စည်တီးရတာလဲ.."
"ဘာလို့တီးတယ်ဆိုတာ မင်းတို့သိတယ်မလား။ ကျုပ်က မင်းလောင်းလုပ်မလို့တီးတာ.."
"ဟာ..နို့နံ့တောင် မစင်လောက်သေးဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်လို့လား။ သွားသွား..လာမရှုပ်နဲ့ကွာ..."
ထွက်လာသည့် အမတ်က ကီလာတိုင်နှင့်ဆူမီရာကိုကြည့်ကာ မောင်းထုတ်လိုက်သည်။
"လူဆိုတာ ဒီအတိုင်းနေလည်းသေမှာပဲ။ မသေချင် ထီးနန်းစည်းစိမ်ခံစားချင်လို့ပေါ့ဗျာ..ကဲ အမတ်ကြီး။ ခင်ဗျားကျုပ်တို့ကို နန်းတော်ထဲခေါ်မသွားသေးဘူးလား။"
"မဟုတ်သေးပါဘူးကွာ။ လူ့အသက်ထက် ဘာက ပိုအရေးကြီးလို့လဲ။ မင်းတို့ သွားပါတော့ကွာနော်။ ပြန်ပါတော့။ မင်းရဲ့မိဘတွေ သိရင် ရင်ကျိုးရလိမ့်မယ်.."
အမတ်ကြီးက စိတ်ရင်းနှင့် ကီလာတိုင်ကို နှင်ထုတ်နေစဉ် စစ်သူကြီးတစ်ဦးထွက်လာခဲ့ပြီးမေးသည်။
"အမတ်ကြီး..ဘာဖြစ်နေတာလဲ.."
"သြော်.ဒီကလေးတွေ မင်းလောင်းလုပ်ချင်လို့ စည်လာတီးလို့ပါဗျာ.."
"ဟုတ်လား။ ဒါဆို နန်းတော်ထဲခေါ်လိုက်လေ။ ဒီညအတွက် မင်းလောင်းမရှိသေးဘူးလား။ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။
YOU ARE READING
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
Historical FictionWritten By- May King ဆူမီရာကို ချစ်သည့် စစ်နတ်ဘုရားကုလန်၊ မယ်တော်၏ အချစ်ကို ရထားသည့်နောင်တော်ကိုမုန်းတီးနေသည့် နန်ကျောင်မင်းသား ယွမ်ချူးခန်၊ ချစ်မယားကို နှစ်ပေါင်းများစွာ အချစ်မလေျာ့သည့် အာနန်ပြည့်ရှင် ယေစုကိုင်း၊ ချစ်ခြင်းနဲ့ တဖက်သတ်ပေးဆပ်ပေမယ့် မစ...