ခင်များကိုချစ်ရတာ လာဘ်တပါးပါပဲ
ခင်များကိုလွမ်းရတာ ကတော့......
ခင်များဆီက ရောက်လာမဲ့စာအိတ်တွေကို
ကျုပ်မျှော်နေတတ်တာ ခင်များသိရဲ့လား
ခင်များအငွေ့အသက်လေးတွေကိုတမ်းတနေရတာ
သိပ်ပင်ပန်းပါတယ်
ကျုပ်ကတော့ နေရပ်လိပ်စာ အတိအကျမတပ်ထားတဲ့
လွမ်းသူတယောက်ရဲ့ စာအိတ်တွေကိုပို့ပေးနေကျပါ
လိပ်စာမတပ်ထားလို့ ကျုပ်ဆီပဲပြန်ပြန်ရောက်နေလေရဲ့
ဒါပဲ ဂျွန် ကျုပ်သေလောက်အောင်လွမ်းလည်း
အဲ့ဒီအလွမ်းတွေက ကျုပ် ဆီမှာပဲသံသရာလာလည်တယ်
YOU ARE READING
Love Bugs...🌼 (အချစ်၏ဖျားနာမှုလေးများ)
RomanceLove is like your heart,it only beats for once.. အချစ်က ခင်များ နှလုံးသားလိုပဲ တခါပဲ ချစ်တယ် အမြဲခုန်နေတော့တာမျိုးးး