"ထူးဆန်းလိုက်တာ.. "ဟိုးရှေးခေတ်ကလို ကျောက်စိမ်း ကနုတ်
လေးတွေကွပ်ထားပြီး ကျောက်စိမ်း
လက်ကိုင်ရှည်လေးနဲ့ ဘဲဥပုံမှန်ဝိုင်းလေးကို
ကြည့်ပြီး လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ကျောဘက်မှာလည်း ကျောက်စိမ်းကနုတ်လေး
တွေ အလယ်တည့်တည့်မှာတော့ စာလုံးတစ်လုံး
ကို ထွင်းထားသေးသည်။ရှေးဟောင်း တရုတ်စာ
လုံးတွေမို့ သေချာတော့နားမလည်ပေ။နားမလည်နိုင်တော့တာမို့ ခေါင်းကိုသာခါရင်း
ထိုမှန်လေးကို ခုံပေါ်ပြန်ချထားလိုက်သည်။
အိပ်ရာပေါ်မှာလှဲချရင်း နဖူးပေါ်လက်တင်ပြီး
အတွေးတွေများနေမိပြန်သည်။မနေ့က တစ်ဦးတည်းသော မိသားစုဖြစ်တဲ့ အဖိုးနဲ့
စိတ်ဆိုးပြီး မုန့်ဖိုးမပေးတာကြောင့် အဖိုးရဲ့ဗီဒိုထဲ
က ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီးရောင်းစား
ဖို့ ကြံစည်ခဲ့သည်။ပိုက်ဆံလည်း မြိုးမြိုးမြက်မြက်
ရမယ်။အဖိုးလည်းရင်ကွဲမယ်။အိမ်မှာ အမှိုက်လည်းရှင်းသွားမယ်။တစ်ချက်ခုတ်
သုံးချက်ပြတ်ဆိုပြီးတော့ပေါ့။ဒါပေမယ့် ဒီမှန်လေးကိုတွေ့လိုက်ရတဲ့အချိန်မှာ
တစ်ခုခုထူးဆန်းသလို ခံစားလိုက်ရတာမို့
Chanyeol ယူလာခဲ့သည်။ဒါပေမယ့် ဘာလုပ်ရမယ်မှန်းမသိ။ရောင်းစားလိုက်ရမလား။တော်တော်တော့ရမှာ။တွေးပြီး အိပ်ရာပေါ်မှာလှဲနေရင်း ထိုမှန်လေးကို
တစ်ချက်လှမ်းကြည့်လိုက်မိသည်။ဖျတ်ခနဲ
မှန်ပေါ်မှာ ပေါ်လာတဲ့အလင်တန်းလိုလို၊
ရောက်ပြန်လိုလိုအရာလေးကို တအံ့တဩ
ကြည့်နေမိစဉ်မှာပင် လေးလံသထက်လေးလံလာ
တဲ့ မျက်ဝန်းတွေနဲ့အတူ ...အိပ်စက်ခြင်းသို့...။.....................................................................
....................COSMIC DREAM....................
......................................................................လေးလံနေတဲ့မျက်လုံးတွေကို မနည်းအားတင်း
ပြီးဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက
အတော်လေး ထူးဆန်းနေသည်။ဘာတွေလဲ။ငါဘယ်ကို ရောက်နေတာလဲ။
ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တော့
နေရာက ပန်းခြံလိုလို၊ဥယျာဉ်လိုလိုနေရာလေး။
ရေကန်ကျယ်ကြီးရှိပြီး ရေကန်ကြီးရဲ့အလယ်မှာ
ဇရပ်လေးတစ်ခု။မဟုတ်သေး။ဇရပ်လို့ပြောဖို့
အဲ့ဒီ့အရာက တော်တော်တော့ခမ်းနားသည်။
လသာဆောင်လို့ပြောရမလား။ပြီးတော့
တံတားလေးတစ်စင်း။ဥယျာဉ်နဲ့ ရေလယ်က
အဆောင်လေးကို ဆက်သွယ်ထားတဲ့
တံတားခုံးလေးကလည်း အိနြေ္ဒတစ်ခုနဲ့တင့်တယ်နေခဲ့သည်။