I wish you were here..!
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷Zawgyi
"Unnie..ညီမကိုခေါ်တယ်ဆို?"
"အင်း..Taeyeon"
Min Youngလည်း Yeriကိုကျောင်းဝတ်စုံဝတ်
ပေးနေရင်းဖြေလိုက်သည်။"Unnie..အရေးတကြီးသွားစရာတစ်ခုပေါ်လာလို့
Yeriကိုကျောင်းလိုက်ပို့ပေးလို့ရမလား?သူကအိမ်က
Driverတွေအပို့မခံဘူးလေ""အော်..ရပါတယ်Unnie ရဲ့"
"ဒီိနေ့တော့တီတီငယ်နဲ့ပဲသွားလိုက်တော့နော်သမီးလေး။
Mommyညနေတော့လာကြိုပါ့မယ်""ရပါတယ်..Mommyက Sica Emmoဆီသွား
မှာပဲကို""Sica..Jessica? သူ့ဆီဘာသွားလုပ်မှာလဲ?"
"ရှင်းပြဖို့အချိန်မရှိတော့လို့ပါTaeyeonရယ်။သိချင်
ရင်တော့Internetမှာကြည့်လိုက်။သူ့ကိုမနက်စာ
အရင်ကျွေးလိုက်ဦးနော်။Unnieသွားပြီ"Min Youngက Yeriကိုကျော်ပိုးအိပ်လွယ်ပေး
လိုက်ပြီးသူ့အိပ်ကိုယူကာထလိုက်သည်။"အင်းပါ..ကားကိုဂရုစိုက်မောင်း"
Min Young ထွက်သွားတော့ Taeyeonကိုယ်
ကိုကိုင်းကာYeriလက်ကိုကိုင်လိုက်သည်။"လာ..တီတီိငယ်တို့မနက်စာသွားစားကြစို့"
"ဟုတ်"
သူတို့အောက်ထပ်ကိုသွားပြီးအသင့်ပြင်ထားတဲ့စားပွဲ
ဝိုင်းမှာထိုင်လိုက်သည်။"ဘယ်သူမှမရှိကြတော့ဘူးပဲ"
"Daddyကအစောကြီးအလုပ်သွားပြီတီတီငယ်ရဲ့"
"ဟုတ်လား..ကဲ စားစား။ကျောင်းနောက်ကျလိမ့်မယ်"
Yeriရဲ့ရှေ့ကပေါင်မုန့်ပန်းကန်နဲ့နွားနို့ခွက်ကိုအရှေ့
တိုးပေးလိုက်ရင်းပြောလိုက်သည်။"တီတီငယ်ရောမစားဘူးလား?"
"ပြီးမှစားမယ်။Yeriအရင်စား"
*ဘာလို့များUnnieကအရေးတကြီးနဲ့သူ့ဆီထွက်သွား
ရတာလဲ?*Taeyeonသူ့အိတ်ထဲကဖုန်းထုတ်ကာInternet
မှာကြည့်လိုက်သည်။Taeyeonဖုန်းScreenပေါ်ကသတင်းတွေကိုမြင်
တော့မျက်လုံးပြူးသွားခဲ့သည်။
YOU ARE READING
I Wish You Were Here
Fanfictionငယ်ရွယ်စဉ်က မရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ချစ်ရသူနဲ့ ဝေးခဲ့ရပေမယ့် နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ သူမရဲ့ စစ်မှန်တဲ့ အချစ်တွေကို ပြန်ပြီး သက်သေပြနိုင်မလား..? သူမတို့ရဲ့ အချစ်တွေကရော အမှန်တကယ်ပဲ သေဆုံးသွားပြီလား..? သူမတို့ရဲ့ ဆန္ဒလေးကရော တကယ်ဖြစ်လာနိုင...