I wish you were here..!
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷Zawgyi
Photoshootပြီးတဲ့နောက်တစ်ရက်မှာတော့
Jessicaထုံးစံအတိုင်းBlue Moonကိုလာ
ခဲ့သည်။"သူလာပြန်ပြီ~ခေါင်းဆောင်Kimမသွားချင်ရင်
ကျွန်မသွားပြောပေးရမလား?"အားနာသလိုမေးလာတဲ့Tiffanyကြောင့်သူမ
ပြုံးလိုက်ကာ"ရပါတယ်~ကျွန်မပဲသွားလိုက်ပါ့မယ်။နောက်
ထပ်မလာအောင်သေချာပြောခဲ့ပါ့မယ်""ဖြစ်ပါ့မလား..ဟိုရက်တွေကမလာလို့မလာတော့
ဘူးထင်နေတာကို""ကျွန်မသူ့အကြောင်းကိုသိပါတယ်"
"အဲ့ဒါဆိုလည်းကောင်းပါပြီ..သွားပါ"
Taeyeonလေးပင်သောခြေလှမ်းများဖြင့်
Jessicaရှိရာအခန်းကိုသွားလိုက်သည်။သူမဝင်လာတာမြင်တော့Jessicaတစ်ယောက်
ပျော်သွားသည့်မျက်နှာဖြင့်ရွန်းဝေနေအောင်ပြုံးရင်း"Taeyeon-ah!"
"ရှင်ထပ်လာပြန်ပြီ"
"ငါအမြဲလာမယ်လို့ပြောခဲ့တာပဲကို"
Taeyeonစိတ်ပျက်စွာသက်ပြင်းချရင်း
"ငါ့ဆီကဘာလိုချင်လို့လဲ?နင့်ကိုမြင်နေရတာ
ငါအရမ်းပင်ပန်းတယ်ဆိုတာသိရဲ့လား?""ငါက..ဒီအတိုင်းငါမှားခဲ့တာတွေအတွက်တောင်း
ပန်ချင်ရုံပါ""ဟက်..တောင်းပန်မယ်!နင်လုပ်ခဲ့တာတွေက
တောင်းပန်ရုံနဲ့ပြီးသွားမယ်ထင်နေတာလား!?
Jessica..နင်ကငါ့ကို၈နှစ်လုံးလုံးနှိက်စက်နေ
ခဲ့တာ!နင်နဲ့ဝေးရာကိုသွားခဲ့ပေမယ့်ညတိုင်းဆိုး
ရွားတဲ့အိမ်မက်တွေဆီကနေရုန်းထွက်ဖို့အများ
ကြီးကြိုးစားခဲ့ရတယ်!နင်ကအခုမှပြန်ပေါ်လာပြီး
အေးအေးဆေးဆေးခွင့်လွှတ်မှုကိုယူချင်တယ်
ပေါ့ဟုတ်လား!ငါနင့်ကိုဘယ်တော့မှခွင့်မလွှတ်
ဘူးJessica!!""ငါလည်းခံစားခဲ့ရတာပါပဲ~"
"နင်ကဘာကိုခံစားတာလဲ!နင့်ဘေးမှာအရင်လို
တကောက်ကောက်လိုက်ပြီးပြောသမျှအရာတိုင်း
ဖြည့်ဆည်းပေးမယ့်လူမရှိတော့လို့လား!Park
Seo Joonကိုလည်းနင့်အတွက်အထောက်
အကူမပြုနိုင်တော့မှန်းသိလို့လမ်းခွဲခဲ့တာလား!"
KAMU SEDANG MEMBACA
I Wish You Were Here
Fiksi Penggemarငယ်ရွယ်စဉ်က မရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ချစ်ရသူနဲ့ ဝေးခဲ့ရပေမယ့် နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ သူမရဲ့ စစ်မှန်တဲ့ အချစ်တွေကို ပြန်ပြီး သက်သေပြနိုင်မလား..? သူမတို့ရဲ့ အချစ်တွေကရော အမှန်တကယ်ပဲ သေဆုံးသွားပြီလား..? သူမတို့ရဲ့ ဆန္ဒလေးကရော တကယ်ဖြစ်လာနိုင...