မင်းဘာအတွက်အသက်ရှင်နေလဲလို့မေးရင် ဖြေစရာမရှိဘူး။
ဒီလို ဘဝကြီးကစက်ဝိုင်းတစ်ခုလို နေ့စဉ်လည်ပတ်နေမြဲ။
စာတွေမဖတ်ဘူး စိတ်ကူးမယဉ်ဘူး။မနက်အလုပ်သွား ညပြန်လာ။ ညစာအတော်တော်များများဟာ တံဆိပ်စုံတဲ့ခေါက်ဆွဲပြုတ်တွေချည်း။
ကဗျာတွေမဖတ်ဘူး မခံစားတတ်ဘူး။
နေ့ခင်းကရယ်မောခဲ့တာတွေအိမ်ပြန်ရောက်တဲ့အခါ အဓိပ္ပာယ် မရှိတော့သလိုပဲ။
စုံတွဲတွေမြင်တဲ့အခါ အားမကျမိဘူး။
အမြင်မကပ်မိဘူး။ဒါပေမယ့် ချစ်ချင်တယ်။ တစ်စုံတစ်ယောက်ကို တစ်ဘဝလုံးပေးဆပ်ပြီး အရာအားလုံးသူ့အတွက်လုပ်ပေးချင်ရလောက်တဲ့အထိ။
ဒါပေမယ့် စိတ်မပါဘူး။
အသည်းကွဲကြည့်ဖူးချင်တယ်။ အချစ်ကြောင့် ဘဝကြီးပျက်သုဉ်းရလောက်အောင်နာကျင်ခံစားကြည့်ဖူးချင်တယ်။
ဒါပေမယ့် သတ္တိမရှိဘူး။
Zawgyi
မင္းဘာအတြက္အသက္ရွင္ေနလဲလို႔ေမးရင္ ေျဖစရာမရွိဘူး။
ဒီလို ဘဝႀကီးကစက္ဝိုင္းတစ္ခုလို ေန႕စဥ္လည္ပတ္ေနၿမဲ။
စာေတြမဖတ္ဘူး စိတ္ကူးမယဥ္ဘူး။မနက္အလုပ္သြား ညျပန္လာ။ ညစာအေတာ္ေတာ္မ်ားမ်ားဟာ တံဆိပ္စုံတဲ့ေခါက္ဆြဲျပဳတ္ေတြခ်ည္း။
ကဗ်ာေတြမဖတ္ဘူး မခံစားတတ္ဘူး။
ေန႕ခင္းကရယ္ေမာခဲ့တာေတြအိမ္ျပန္ေရာက္တဲ့အခါ အဓိပၸာယ္ မရွိေတာ့သလိုပဲ။
စုံတြဲေတြျမင္တဲ့အခါ အားမက်မိဘူး။
အျမင္မကပ္မိဘူး။ဒါေပမယ့္ ခ်စ္ခ်င္တယ္။ တစ္စုံတစ္ေယာက္ကို တစ္ဘဝလုံးေပးဆပ္ၿပီး အရာအားလုံးသူ႕အတြက္လုပ္ေပးခ်င္ရေလာက္တဲ့အထိ။
ဒါေပမယ့္ စိတ္မပါဘူး။
အသည္းကြဲၾကည့္ဖူးခ်င္တယ္။ အခ်စ္ေၾကာင့္ ဘဝႀကီးပ်က္သုဥ္းရေလာက္ေအာင္နာက်င္ခံစားၾကည့္ဖူးခ်င္တယ္။
ဒါေပမယ့္ သတၱိမရွိဘူး။