[1]

480 38 1
                                    

မင်းဘာအတွက်အသက်ရှင်နေလဲလို့မေးရင် ဖြေစရာမရှိဘူး။

ဒီလို ဘဝကြီးကစက်ဝိုင်းတစ်ခုလို နေ့စဉ်လည်ပတ်နေမြဲ။
စာတွေမဖတ်ဘူး စိတ်ကူးမယဉ်ဘူး။

မနက်အလုပ်သွား ညပြန်လာ။ ညစာအတော်တော်များများဟာ တံဆိပ်စုံတဲ့ခေါက်ဆွဲပြုတ်တွေချည်း။
ကဗျာတွေမဖတ်ဘူး မခံစားတတ်ဘူး။
နေ့ခင်းကရယ်မောခဲ့တာတွေအိမ်ပြန်ရောက်တဲ့အခါ အဓိပ္ပာယ် မရှိတော့သလိုပဲ။
စုံတွဲတွေမြင်တဲ့အခါ အားမကျမိဘူး။
အမြင်မကပ်မိဘူး။

ဒါပေမယ့် ချစ်ချင်တယ်။ တစ်စုံတစ်ယောက်ကို တစ်ဘဝလုံးပေးဆပ်ပြီး အရာအားလုံးသူ့အတွက်လုပ်ပေးချင်ရလောက်တဲ့အထိ။

ဒါပေမယ့် စိတ်မပါဘူး။

အသည်းကွဲကြည့်ဖူးချင်တယ်။ အချစ်ကြောင့် ဘဝကြီးပျက်သုဉ်းရလောက်အောင်နာကျင်ခံစားကြည့်ဖူးချင်တယ်။

ဒါပေမယ့် သတ္တိမရှိဘူး။


Zawgyi

မင္းဘာအတြက္အသက္ရွင္ေနလဲလို႔ေမးရင္ ေျဖစရာမရွိဘူး။

ဒီလို ဘဝႀကီးကစက္ဝိုင္းတစ္ခုလို ေန႕စဥ္လည္ပတ္ေနၿမဲ။
စာေတြမဖတ္ဘူး စိတ္ကူးမယဥ္ဘူး။

မနက္အလုပ္သြား ညျပန္လာ။ ညစာအေတာ္ေတာ္မ်ားမ်ားဟာ တံဆိပ္စုံတဲ့ေခါက္ဆြဲျပဳတ္ေတြခ်ည္း။
ကဗ်ာေတြမဖတ္ဘူး မခံစားတတ္ဘူး။
ေန႕ခင္းကရယ္ေမာခဲ့တာေတြအိမ္ျပန္ေရာက္တဲ့အခါ အဓိပၸာယ္ မရွိေတာ့သလိုပဲ။
စုံတြဲေတြျမင္တဲ့အခါ အားမက်မိဘူး။
အျမင္မကပ္မိဘူး။

ဒါေပမယ့္ ခ်စ္ခ်င္တယ္။ တစ္စုံတစ္ေယာက္ကို တစ္ဘဝလုံးေပးဆပ္ၿပီး အရာအားလုံးသူ႕အတြက္လုပ္ေပးခ်င္ရေလာက္တဲ့အထိ။

ဒါေပမယ့္ စိတ္မပါဘူး။

အသည္းကြဲၾကည့္ဖူးခ်င္တယ္။ အခ်စ္ေၾကာင့္ ဘဝႀကီးပ်က္သုဥ္းရေလာက္ေအာင္နာက်င္ခံစားၾကည့္ဖူးခ်င္တယ္။

ဒါေပမယ့္ သတၱိမရွိဘူး။

အိပ်တန်းဝင်အတွေးWhere stories live. Discover now