Just friend
Final
ဒီတိုင်းပဲ ထိုင်ငို နေလို့မဖြစ်သေး ... မနက်ဖြန် သူ့ကို တွေ့ရမယ့် နောက်ဆုံးရက်တွေ ..... အနားမှာ ရှိနေနိုင်ဖို့... ရုံးကို သွားပြီး ခွင့်တိုင်ရသည်။
တစ်ခြား သူငယ်ချင်းတွေကိုလည်း ဖုန်းဆက် အကြောင်းကြားရင်း .. သူ့ရဲ့ နောက်ဆုံး ခရီး အတွက် လွမ်းသူ့ပန်းခွေ ပြင်ဆင်ရသည်။
ပြီးတော့... သူ့ ဖုန်းထဲမှာ ရှိနေသည့်... ပုံမြောက်မြားစွာထဲကနေ... သက့်တော်တဲ့ ပုံတစ်ခုကို ဈာပန ပွဲမှာ သုံးနိုင်ရန် ပြင်ခဲ့ရပြန်သည်။
အဆောင်ကို ပြန်ရောက်တော့... အားတင်းထား သမျှ က. ..လုံးဝကို လျော့ ကျသွားသည်။
ပန်းခွေကို စားပွဲပေါ်မှာ အသာ တင်ပြီး ရင်ခွင်ထဲမှာ... သူ့ပုံကို ပိုက်ကာ... နံရံကို မှီရင်း ထိုင်ချလိုက်သည်။
အသိစိတ်ထဲမှာ လက်ခံထားပေမယ့်... မသိစိတ်မှာ လက်မခံနိုင်သေး... သူရှိနေနိုင်သေးတယ်... လို့ပဲတွေးနေမိသည်။
ပုံလေးကို ကြည့်လိုက်... ရင်ခွင်ထဲ ပြန်ထည့်လိုက်နှင့်...
" မင်း... ငါ့ကို စိတ်ခု နေတာမလား.. နေလ... မင်းမသိပါဘူး... ငါ.. မ နဲ့ဘာလို့တွဲခဲ့လဲ .. ဆိုတာ...
မင်း မသိခဲ့ဘူး.. . ငါ ဘယ်လိုခံစားနေရတယ် ဆိုတာ....
နေလ.. သိလား..
ငါ ..မင်း.. ကိုအရမ်း ချစ်တယ်.. ဆိုတာမင်း မပြောခဲ့ခင် ကတည်းက... ငါကလေ... မင်းကလွဲရင် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာ မဟုတ်ဘူး... မင်းကလွဲရင်... ဘယ်သူ့ကို မှ မချစ်နိုင်ခဲ့တာ.....
တောင်းပန်ပါတယ်... အင့်..ဟင့်
ချစ်နေလျက်နဲ့ .. ရှေ့မတိုးခဲ့မိလို့...
တောင်းပန်ပါတယ်... အရွဲ့တိုက်ခဲ့မိလို့်....တကယ်.... တောင်းပန်ပါတယ်... သတ္တိမရှိခဲ့လို့..... ငါ နောက်ကျ သွားပြီ ဆိုပေမယ့်... ငါချစ်တာကို မင်းသိနေခဲ့တယ် ဆိုပေမယ့်....

YOU ARE READING
Just friend (Complete ) U&Z
Teen Fictionကိုယ့်ရဲ့ခံစားချက်တွေ ကို ခံစားရတဲ့အတိုင်း ထုတ်ဖော်ပြသင့်တယ် နောင်တဆိုတာ နောင်မှ ရတတ်တာ အချိန်လွန်မှ ခံစားချက်တွေ ဖွင့်ဟပြနေလည်း ဘာထူးလာမှာမို့လို့်လဲ... ကိုယ့်ကိုယ်ကို ရိုးသားလိုက်စမ်းပါကွာ Uni ကိုယ့် ရဲ့ခံစားချက်တွေ ကိ...