အရူးလူသားများ

202 18 0
                                    

ကောင်လေးတစ်ယောက်သည် ကောင်မလေးတစ်ယောက်နှင့် ချိန်းတွေ့နေသည်။ ကောင်မလေးကားသူ့ကို ပြန်မချစ်ပေ။

တစ်နေ့တွင် ကောင်မလေးက ကောင်လေးအား အသည်းခွဲရန် ဆုံးဖြတ်လိုက်ကာ

'' ကျွန်မရှင့်ကို ထပ်ပြီး မတွေ့ချင်တော့ဘူး '' ဟု ကောင်မလေးပြောလိုက်သည်။

နှစ်တွေ အတော်ကြာပြီးနောက်မှ ကောင်မလေးက ကောင်လေးရဲ့ အချစ်တွေကို နားလည် သဘောပေါက် လာသည်။

ကောင်လေးဆီသို့ပြန်သွားပြီး တောင်းပန်ကာ
နောက်ထပ်အခွင့်အရေးပေးပါဟု ကောင်မလေးပြော၏။

သူ့နှလုံးသားကိုလည်း နောက်ထပ်နာကျင်အောင် မလုပ်တော့ပါဘူး ဟုလည်း ကတိပေး၏။

ကောင်လေး ကောင်မလေးဆီသို့ကြည့်ကာ ရယ်လိုက်သည်။

'' အရူးတွေပဲ သူ့တို့ကို နာကျင်အောင်လုပ်ခဲ့တဲ့သူကို ပြန်ပြီး လိုချင်မှာ ''

ကောင်မလေး စပြီးငိုကြွေးပါတော့သည်။ထို့နောက် သူမ ထွက်သွားဖို့ ပြင်လိုက်ချိန်မှာပဲ

ကောင်လေးက သူ့မလက်တွေကို ဆုပ်ကိုင်လိုက်သည်။
သူ့အနားသို့ကောင်မလေးကို ဆွဲခေါ်လိုက်ပြီး ညင်ညင်သာသာလေးပြောလိုက်သည်။

'' ငါ ဟာ အဲ့လို အရူးတွေထဲက တစ်ယောက်ပဲ ''

  xx                       xx                        xx

ဝတ္ထုတိုများWhere stories live. Discover now